၂ နှစ်အတွင်း အင်္ဂါဂြိုလ်ပေါ်သို့ လူမပါတဲ့ Starship ၅ စင်း လွှတ်တင်သွားမယ့် SpaceX

SpaceX ဟာ လာမယ့် (၂) နှစ်အတွင်းမှာ အင်္ဂါဂြိုလ်ပေါ်သို့ လူမပါတဲ့ Starship Mission (၅) စင်းအထိ လွှတ်တင်သွားဖို့ စီစဥ်ထားကြောင်း CEO Elon Musk က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ Social Media Platform X တွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူပါတဲ့ Starship Mission ပစ်လွှတ်မှုဟာ လူမပါတဲ့ Starship Mission ရဲ့ အောင်မြင်မှုအပေါ် မူတည်မှာဖြစ်ပြီး လူမပါတဲ့ Mission အောင်မြင်ခဲ့ပါက လူပါတဲ့ Mission ကို (၄) နှစ်အတွင်း လွှတ်တင်မှာ ဖြစ်ပြီး ကျရှုံးခဲ့ပါက နောက်ထပ် (၂) နှစ်အပို ထပ်စောင်းပြီးမှာ လွှတ်တင်သွားမှာ ဖြစ်ကြောင်း Elon Musk က ပြောပါတယ်။

လက်ရှိ အချိန်မှာ SpaceX ဟာ Starship Rocket ကို စမ်းသပ်နေတဲ့ အချိန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက အန္ဒိယ သမုဒ္ဒရာထဲမှာ မီးမလောင်ပဲ ဆင်းသပ်ရာမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ အဲတာဟာ (၄) ကြိမ်မြောက်အထိ Starship Rocket ကို စမ်းသပ်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလိုမျိုး Starship တွေကို ပြုလုပ်နေရတဲ့ Elon Musk ရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ် မျိုးဆက်သစ်များ အာကာသပေါ် သွားရောက်လည်ပတ်နိုင်ရေး၊ လပေါ်သို့ ကုန်စည်ကူးသန်းနိုင်ရေးနဲ့ အင်္ဂါဂြိုလ်ပေါ်သို့ ပျံသန်းနိုင်ရေးပဲ ဖြစ်ပါတယ်။

Exit mobile version