SpaceX နှင့် T-Mobile ရဲ့ ပထမဦးဆုံး Starlink satellites ကိုအသုံးပြုပြီး Text ပို့ခြင်း အောင်မြင်

Smart Phone တွေက အသစ်ပေါ်လာတာနှင့်အမျှ ချိတ်ဆက်မှုကွန်ယက်တွေကလည်း တစ်ဖြည်းဖြည်းတိုးတက်လာပါတယ်။ အရင်က Sim card ကို ဖုန်းထဲ ထည့်ရာမှတစ်ဆင့် အခုဆိုရင်တော့ E-Sim တွေပေါ်လာပါပြီ။ ဒီနေ့မှာတော့ Satellite က တစ်ဆင့် ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ကို နှစ်အနည်းငယ်အတွင်းမှာ လုပ်လာနိုင်တော့မှာပါ။ ဒီလိုဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ company ကတော့ Elon Musk ရဲ့ Starlink Satellite company ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်သလို satellites အရေအတွက်အများဆုံးပိုင်ဆိုင်ထားတာကတော့ Elon Musk ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အမေရိကန်အစိုးရပိုင်ဆိုင်ထားတဲ့ satellite အရေအတွက်ထက် Elon Musk ပိုင်ဆိုင်ထားတဲ့အရေအတွက်က ပိုပြီးများပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ Satellite ကို ဖုန်းအော်ပရေတာ companies တွေနှင့် ပူးပေါင်းပြီး လုပ်ငန်းတွေကို ချဲ့ထွင်နေဖို့ ကြိုးစားနေပါတယ်။

T-Mobile မှ CEO နှင့် Elon Musk တို့ကို အတူတွေ့ရစဉ်

T-Mobile ကဲ့သို့ နာမည်ကြီး Telecom companies တွေဖြစ်တဲ့ Rogers, Optus နှင့် ဂျပန်နိုင်ငံက KDDI တို့လို companies ကြီးတွေနှင့်လည်း မကြာခင်မှာ satellite ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့အပတ်က SpaceX မှ D2D လို့ခေါ်တဲ့ Direct-to-Device စနစ်ပါဝင်တဲ့ satellites ခြောက်လုံးကို အစိုးရထံမှ ခွင့်ပြုချက်ရယူပြီး လွှတ်တင်ခဲ့ပါတယ်။ Direct to Device ဆိုတာကတော့ satellite ထံမှ တိုက်ရိုက်ချိတ်ဆက်မှု ရယူပြီး ဆက်သွယ်မှုတွေ ပြုလုပ်နိုင်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး T-Mobile နှင့် ပူးပေါင်းပြီး Text message ကို စမ်းသပ်ရာမှာ အောင်မြင်သွားပြီဖြစ်ပါတယ်။ မကြာခင်မှာတော့ အင်တာနက်တွေကိုလည်း SpaceX satellite ကတစ်ဆင့် တိုက်ရိုက်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Apple ကတော့ iPhone 14 စတင်မိတ်ဆက်တည်းက ဒီ feature ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Satellite Operator company ဖြစ်တဲ့ Globalstar နှင့် ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး SOS feature တစ်မျိုးတည်းသာ သုံးလို့ရသေးပါတယ်။

SpaceX မှ လွှတ်တင်လိုက်သော satellite များကို တွေ့ရစဉ်

Satellite Operators တွေအများကြီးရှိပေမယ့် ယခုဖော်ပြခဲ့တဲ့ D2D service ကိုတော့ Telecom companies တွေက စိတ်ဝင်စားနေကြ​ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေကြပါတယ်။ ၂၀၂၅ အကုန် ၂၀၂၆ ခုနှစ်ထဲမှာတော့ D2D service တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်ပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာပေါ်က ဘယ်နေရာမဆို အင်တာနက်အသုံးပြုခြင်းနှင့် ဖုန်းခေါ်ဆိုမှုတွေကို အကန့်အသတ်မရှိ ပြုလုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version