Sound Quality ကိုအမြင့်ဆုံး နားဆင်နိုင်မယ့် Spotify ရဲ့ Lossless Feature အသစ်

Spotify ကတော့ Premium သုံးစွဲသူတွေအတွက် အသံအရည်အသွေးအမြင့်ဆုံးနဲ့ သီချင်းနားထောင်နိုင်မယ့် “Lossless Listening” feature အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ လောလောဆယ်မှာတော့ US အပါအဝင် နိုင်ငံအချို့မှာ စတင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

Lossless audio ဆိုတာကတော့ သီချင်းဖိုင်တွေကို မချုံ့ဘဲ (uncompressed) မူရင်းအသံအတိုင်း အကောင်းဆုံးအရည်အသွေးနဲ့ နားထောင်နိုင်တာပါ။ အရင်က Streaming platform တွေမှာ သီချင်းဖိုင်တွေက ချုံ့လိုက်တဲ့အတွက် အရည်အသွေးနည်းနည်းကျသွားပေမယ့်၊ အခု ဒီ feature နဲ့ဆိုရင်တော့ ဂီတပညာရှင်တွေ စတူဒီယိုထဲမှာ ဖန်တီးခဲ့တဲ့ အသံအသေးစိတ်တိုင်းကို ကြည်ကြည်လင်လင် ပြန်ကြားရမှာ ဖြစ်ပါတယ်။

Sound Quality ကိုအမြင့်ဆုံး နားဆင်နိုင်မယ့် Spotify ရဲ့ Lossless Feature အသစ်

Lossless ဖိုင်တွေက အရွယ်အစားကြီးတဲ့အတွက် Bluetooth နားကြပ်တွေနဲ့တော့ သုံးလို့ရမှာ မဟုတ်ပါဘူး။ Bluetooth နဲ့ ချိတ်ဆက်လိုက်ရင်တော့ သီချင်းက သာမန်အရည်အသွေးနဲ့ပဲ ထွက်လာမှာပါ။ ဒါကြောင့် ဒီ feature ကို အပြည့်အဝခံစားချင်ရင်တော့ ကြိုးတပ်နားကြပ် (wired headphones) နဲ့ သုံးဖို့ လိုအပ်ပါလိမ့်မယ်။ Spotify Premium သုံးစွဲသူတွေအနေနဲ့ ဒီ feature ကိုသုံးချင်ရင်တော့ setting ထဲမှာ ဝင်ဖွင့်ပေးရမှာဖြစ်ပြီး မိုဘိုင်း၊ tablet နဲ့ desktop တွေမှာ အသုံးပြုနိုင်ပါတယ်။

Spotify ရဲ့ ဒီခြေလှမ်းက “နောက်ကျပေမယ့် ရောက်လာတာပဲ” လို့ ပြောရမှာပါ။ ပြိုင်ဘက်တွေဖြစ်တဲ့ Apple Music (၂၀၂၁) နဲ့ Amazon Music (၂၀၁၉) တို့မှာ ဒီ feature က ရနေတာ နှစ်နဲ့ချီနေပါပြီ။ ဒါကြောင့် ဒါက ဆန်းသစ်တဲ့ တီထွင်မှုတစ်ခုတော့ မဟုတ်ဘဲ၊ ပြိုင်ဆိုင်မှုထဲမှာ နောက်ကျမကျန်ခဲ့အောင် လိုက်လုပ်ရတဲ့ အရာတစ်ခုပါပဲ။ အဓိကအချက်ကတော့ Bluetooth နဲ့ သုံးမရတာက သုံးစွဲသူအများစုအတွက်တော့ အားနည်းချက်ကြီးတစ်ခု ဖြစ်နေဦးမှာပါ။ ဒါပေမယ့် အသံအရည်အသွေးကို တကယ်တန်ဖိုးထားတဲ့ audiophile တွေနဲ့ ကြိုးတပ်နားကြပ်ကောင်းကောင်းသုံးတဲ့သူတွေအတွက်တော့ ကောင်းမွန်တဲ့ Update တစ်ခုဖြစ်မှာတော့ သေချာပါတယ်။

Exit mobile version