အသံဖြင့် သီချင်းအမျိုးအစား ခွဲခြားပေးမယ့် AI Feature အသစ် ပါဝင်လာတဲ့ YouTube

Android ဖုန်းများအတွက် YouTube Version 7.02 မှာ Song Identification ဆိုတဲ့ အသံဖြင့် သီချင်း အမျိုးအစားခွဲခြားပေးမယ့် AI Feature အသစ်ကို ထည့်သွင်းပေးလိုက်ကြောင်း သိရပါတယ်။

ပုံထဲမှာ မြင်ရတဲ့အတိုင်း YouTube ရှိ သီချင်းရှာတဲ့ Search Bar တန်းကို နှိပ်လိုက်တဲ့အခါ ဖုန်းရဲ့ အပေါ်ဘက် ညာဘက်ထောင့်နားလေးမှာ Microphone ပုံနဲ့အတူ အသံလှိုင်းပုံ Icon လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်း အသံလှိုင်းပုံ Icon လေးကို နှိပ်လိုက်မယ်ဆိုရင် “Play, sing, or hum a song” ဆိုတဲ့ နေရာကို ရောက်ရှိသွားမှာ ဖြစ်ပြီး သီချင်းတစ်ခုခု (သို့မဟုတ်) တီလုံးတစ်ခုခု တို့ကို ပြုလုပ်ပေးလိုက်နဲ့ ၎င်းနဲ့ သက်ဆိုင်တဲ့ သီချင်းများကို AI က ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Feature ဟာ ၂၀၂၀ ခုနှစ်တုန်းက Google Search မှာ စတင်အသုံးပြုခဲ့တဲ့ Feature ဖြစ်ပြီး နောက်ပိုင်းမှာ Pixel ဖုန်းများထဲမှာ အသုံးပြုခွင့် ရရှိခဲ့ပါတယ်။ အခုတော့ YouTube ထဲကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာ Song Identification AI Feature ကို Android ဖုန်းများမှာသာ အသုံးပြုနိုင်အုံးမှာ ဖြစ်ပြီး iOS အတွက် ဘယ်အချိန်ထည့်သွင်းပေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Exit mobile version