Software Update တစ်ခုကြောင့်​ တစ်ကမ္ဘာလုံးမှာ Blue Screen တွေဖြစ်သွားတဲ့ CrowdStrike

ယနေ့ Banking System, Airline System တွေမှာ အသုံးပြုတဲ့ IT စနစ်ကို လည်ပတ်ပေးအောင် တစ်စိတ်တစ်ပိုင်းကလုပ်ဆောင်ပေးနေတဲ့ Cyber Company တစ်ခုရှိပါတယ်။ CloudStrike လို့အမည်ရပြီး အထူးသဖြင့် Microsoft service တွေရဲ့ နောက်ကွယ်က လုံခြုံရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ company တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကမ္ဘာတစ်လွှားရဲ့ ဖန်သားပြင်မှာ အပြာရောင် screen ကြီးပေါ်လာပြီး အရာအားလုံး ရပ်တန့်သွားတာဖြစ်ခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ခါတိုင်း Window တင်တဲ့အခါမျိုးမှာ တွေ့ရတက်ပေမယ့် ယခုအခါမှာတော့ Microsoft service ကို အသုံးပြုတဲ့ ကွန်ပျူတာအားလုံးနီးပါးမှာ ပေါ်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အလုပ်တွေတော်တော်များများ ထိခိုက်ခဲ့ပါတယ်။ ဥပမာ Stock စျေးကွက်၊ တီဗီ broadcast နှင့် Airline တော်တော်များများ ထိခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အားလုံးမှာ တာဝန်ရှိတဲ့သူကတော့ Texas ပြည်နယ်မှာ အခြေစိုက်တဲ CrowdStrike cyber company ပဲ ဖြစ်ပါတယ်။

CrowdStrike ဆိုတာဘာလဲ၊ ဘာတွေလုပ်ပေးတာလဲ?

Software Update တစ်ခုကြောင့်​ တစ်ကမ္ဘာလုံးမှာ Blue Screen တွေဖြစ်သွားတဲ့ CrowdStrike 1

CrowdStrike က cybersecurity company တစ်ခုဖြစ်ပြီး companiesပေါင်း ၅၀၀ကျော်ရဲ့ software တွေကို ကိုင်တွယ်နေပြီး မသမာသူတွေရဲ့ hack ခြင်းမှ ကာကွယ်ပေးထားပါတယ်။ ဒီ companies တွေထဲမှာ banks, health-care နှင့် စွမ်းအင် companies တွေပါဝင်ပါတယ်။ အထူးသဖြင့် cloud နည်းပညာကို အခြေခံထားပြီး device တွေအားလုံးကို cloud က တစ်ဆင့်ကိုင်တွယ်ဖြေရှင်းနေတဲ့ company တစ်ခုဖြစ်ပါတယ်။ အခြား cyber company တွေနှင့် မတူညီတဲ့တစ်ချက်က back-end server system တစ်ခုလုံးကို ကိုယ်တွယ်ထားတာပဲ ဖြစ်ပါတယ်။ Software update ဖြစ်တဲ့အခါ device အားလုံးမှာ crowdstrike အားလုံးကို install လုပ်ထားတာကြောင့် software upadate install လုပ်တဲ့အခါ device တွေကို အသုံးပြုလို့မရဖြစ်နေပါတယ်။ ယခုဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကတော့ software update install လုပ်နေတဲ့အချိန်မှာ အားလုံးရပ်တန့်သွားတာပဲ ဖြစ်ပါတယ်။ CrowdStrike software က Microsoft OS မှာ အဓိက run နေပြီး ​software update ဖြစ်တဲ့အခါ microsoft service ကို အသုံးပြုနေတဲ့ device အားလုံးမှာ blue screen ဖြစ်သွားခဲ့ပါတယ်။ CrowdStrike မှ တာဝန်ရှိသူတွေကတော့ ဒီလိုဖြစ်တာက Microsoft ရဲ့ အပြစ်လုံး၀ မဟုတ်ကြောင်းနှင့် software update လုပ်တဲ့နေရာမှာ ဆိုးရွားသွားတာကြောင့်သာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

Exit mobile version