Smartphones တွေမကြာခင် X-ray vision ကို အသုံးပြုနိုင်တော့မည်

Smartphones တွေမှာ မကြာခင် X-ray vision တွေကိုလည်း အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ iPhone 13 Pro မှာ LIDAR scanner ကို စတင်မိတ်ဆက်ခဲ့ပြီး အရာ၀တ္ထုရဲ့ အကွာအဝေးနှင့် Virutal Reality အတွက် 3D ပုံရိပ်တွေကို တိုင်းတာလာနိုင်ပြီ ဖြစ်ပါတယ်။ ဥပမာ အခန်းတစ်ခန်းရဲ့ အကျယ်ဝန်းတို့ကို အတိအကျတိုင်းတာနိုင်ပြီး 3D ပုံရိပ်ကိုပါ ဖမ်းယူထားနိုင်တဲ့ နည်းပညာ ပါဝင်လာပြီဖြစ်ပါတယ်။ ထို့အပြင် မကြာခင်မှာတော့ smartphones တွေမှာ X-ray vision တွေပါဝင်လာမယ်လို့ သိရပါတယ်။ X-ray vision ဆိုပေမယ့် လူတွေရဲ့ ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်တာမျိုး မဟုတ်ပါဘူး။ ဆေးရုံတွေမှာအသုံးပြုတဲ့ X-ray vision အတိုင်း smartphones တွေမှာ အသုံးပြုရင်တော့ လူတွေအတွက် မသင့်တော်ပါဘူး။ သို့ပေမယ့် အရာ၀တ္ထုတွေကို မာကျောတဲ့အစိုင်အခဲတွေက တစ်ဆင့်၊ အလင်းမဝင်ရောက်နိုင်တဲ့နေရာတွေကို မြင်နိုင်တဲ့ X-ray vision တွေတော့ ထည့်သွင်းလာနိုင်တော့မှာပါ။

Smartphones တွေမကြာခင် X-ray vision ကို အသုံးပြုနိုင်တော့မည် 1

ဒီစမ်းသပ်မှုမှာ cardboard ကို ကွယ်ပြီး စမ်းသပ်တာ အောင်မြင်နေပြီ ဖြစ်ပါတယ်။ University of Texas မှာ သုတေသနပြုလုပ်နေခဲ့တာ ၁၅ နှစ်ကြာမြင့်နေခဲ့ပြီး အကွာအဝေးအားဖြင့် 200GHz to 400GHz အကွာအဝေးထိကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခက်အခဲတစ်ခုကတော့ ပုံရိပ်တွေကို ပြန်မြင်ဖို့ အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။ သုတေသနအတွက် လိုအပ်တဲ့ fund ငွေအလုံအလောက်ရရှိခဲ့ရင်တော့ မကြာခင်နှစ်အတွင်းမှာ ဒီနည်းပညာကို အသုံးပြုနိုင်တော့မယ်လို့ Dr.O က ဖြေဆိုခဲ့ပါတယ်။ ဒီနည်းပညာကို အမှန်တကယ်အသုံးပြုနိုင်ရင်တော့ စာအိတ်ထဲကအရာတွေကို ထွင်းဖောက်ပြီး မြင်နိုင်ပါလိမ့်မယ်။ ဒီလိုနည်းပညာကို ဆေးရုံမှာ လူနာတွေရဲ့ ရေဓါတ်ကို ကြည့်တဲ့နေရာမှာလည်း အသုံးပြုပါတယ်။ ယခုအချိန်မှာတော့ ဒီနည်းပညာကို smartphone တစ်လုံးမှာထည့်သွင်းနိုင်ပြီး တစ်လက်မထက်နည်းတဲ့ အကွာအဝေးကတစ်ဆင့် အရာ၀တ္ထုတွေကို ကြည့်ရှိုနိုင်ဖို့ သိပ်မကြာတော့မပါဘူး။ ​Smartphones တွေမှာ ထည့်သွင်းလာရင်တော့ လူတိုင်းအတွက် လုံခြုံရေးမှာ အများကြီးအထောက်အကူ ဖြစ်လာနိုင်ပါတယ်။

Exit mobile version