Skills အများကြီးမလိုတဲ့ Entertainment နယ်ပယ်ထဲက လစာကောင်းတဲ့ အလုပ်များ​

Entertainment နယ်ပယ်ထဲကဖြစ်တဲ့ ရုပ်ရှင်၊ တေးဂီတအလုပ်တွေထဲမှာ လစာကောင်းတဲ့ အလုပ်တွေရှိပါတယ်။ မင်းသား၊ မင်းသမီးနှင့် အဆိုတော်တွေသာမက Entertainment နယ်ပယ်ထဲမှာ လစာကောင်းတဲ့ အလုပ်တွေရှိပါတယ်။ အချို့တွေကလည်း ဒီအလုပ်ကိုသိကြပေမယ့် တော်တော်များများတော့ ဒီအလုပ်တွေကို မသိကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ဒီအလုပ်တွေကို တွေ့ရမှုနည်းပါးပြီး ပညာရှင်တွေလည်း နည်းတာကြောင့် အလုပ်အကိုင်အခွင့်အလန်း နည်းပါးပါတယ်။ အခြားနိုင်ငံမှာတော့ ဒီအလုပ်တွေကို တွင်တွင်ကျယ်ကျယ်မြင်တွေ့ရနိုင်ပါတယ်။

၁။ Electrician

Skills အများကြီးမလိုတဲ့ Entertainment နယ်ပယ်ထဲက လစာကောင်းတဲ့ အလုပ်များ​ 1

မြန်မာလိုဘာသာပြန်ရင်တော့ လျှပ်စစ်ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ ဒီအလုပ်ကိုလုပ်ဖို့ အင်ဂျင်နီယာဘွဲ့ ကြီးကြီးမားမားမလိုအပ်ပါဘူး။ အဓိကကတော့ လျှပ်စစ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဖို၊ အမ သဘာ၀ကို ကောင်းကောင်းကျွမ်းကျင်ပြီး လျှပ်စစ်ကြိုးတွေကို သပ်သပ်ရပ်ရပ်နေရာချတက်ရင် ရပါပြီ။ လျှပ်စစ်နှင့် ပတ်သက်ပြီးဘွဲ့ရထားရင်တော့ ပိုပြီးပြည့်စုံမှုဖြစ်ပါတယ်။ Stage Show တွေမှာ မီးကြိုးတွေသွယ်တန်းတဲ့အခါ ဓါတ်လိုက်မှုမဖြစ်အောင် ကြီးကြပ်နိုင်မယ်ဆိုရင်တော့ ရပါပြီ။ ဒီအလုပ်က တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆၀၀၀၀ ကျော်အထိ ရရှိပါတယ်။ နာမည်ကြီး အဆိုတော်တွေရဲ့ ပွဲတွေမှာ ဝင်ရောက်လုပ်ကိုင်ဖူးရင် သင့်အတွက် အများကြီးအခွင့်အလန်းတွေရှိပါတယ်။

၂။ Fundraiser

Skills အများကြီးမလိုတဲ့ Entertainment နယ်ပယ်ထဲက လစာကောင်းတဲ့ အလုပ်များ​ 2

ဒီအလုပ်ကတော့ ပရဟိတနှင့် ပတ်သက်နေပြီး ရရှိတဲ့ငွေကြေးအကျိုးအမြတ်တွေကို တစ်နေရာရာမှာ လှုဒါန်းမှုပြုလုပ်တာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် အနုပညာရှင်တွေက သူတို့ရဲ့ အနုပညာ လုပ်အားနှင့် တက်နိုင်တဲ့ဘက်က ပါဝင်ပြီး ငွေရှာတာဖြစ်ပါတယ်။ Fundraiser လုပ်တဲ့အခါ နေရာနှင့် လိုအပ်တဲ့ပစ္စည်းတွေကို ကူညီပေးတဲ့အဖွဲ့အစည်း (သို့) လုပ်ငန်းတွေရှိပါတယ်။ သင့်အနေနှင့် ပရဟိတလုပ်ငန်းတွေကို ကူညီချင်တဲ့ စိတ်မျိုး (သို့) ပွဲဖြစ်မြောက်ရေး စီစဉ်ပေးတာကြိုက်ရင် ဒီအလုပ်က သင့်အတွက်အကောင်းဆုံး အလုပ်ဖြစ်ပါတယ်။ လစာက တစ်နှစ်ကို အမေရိကန်ဒေါ်လာ 61000 အထိရှိပါတယ်။ ဒီအလုပ်လုပ်ဖို့အတွက် ဘွဲ့တစ်ခုခုတော့ ရဖို့လိုပါတယ်။

၃။ Lawyer

Skills အများကြီးမလိုတဲ့ Entertainment နယ်ပယ်ထဲက လစာကောင်းတဲ့ အလုပ်များ​ 3

ဒီအလုပ်ကတော့ ရှေ့နေအလုပ်ဖြစ်ပါတယ်။ သာမန်ရှေ့နေနှင့် မတူတဲ့အချက်က Entertainment အပိုင်းမှာသိထားရမယ့် အငြင်းပွားဖွယ်ကိစ္စ၊ copyright ဥပဒေတွေကို ကြေညက်ထားဖို့လိုပါတယ်။ လူတွေရဲ့ ကိစ္စတွေကို ဖြေရှင်းပေးတဲ့ ရှေ့နေမျိုးမလုပ်ချင်ရင် ဒီအလုပ်ကိုလည်း သင့်အနေနှင့် လုပ်နိုင်ပါတယ်။​ ဥပမာ သင်က နာမည်ကြီး အနုပညာရှင်တစ်ယောက် ဆိုပါစို့။ သင့်အနေနှင့် သင်သီဆိုထားတဲ့ သီချင်း၊ ပုံရိပ်၊ စာသားတွေက သင့်အပိုင်ဖြစ်ပါတယ်။ အခြားလူတစ်ယောက်က ကူးယူသုံးစွဲခြင်းမပြုအောင် သင့်ဘက်က ကာကွယ်ထားဖို့လိုပါတယ်။ ဒါ့အပြင် သင်နှင့်အတူတကွ လက်တွဲလုပ်ချင်တဲ့ companies ကြီးတွေကိုလည်း အဆင်ပြေအောင် စာချုပ်စာတမ်းတွေ ချုပ်ဆိုထားဖို့လိုပါတယ်။ ဒီအကြောင်းအရာတွေကိုလုပ်ဖို့အတွက် သင့်မှာ Entertainment နှင့် ပတ်သက်ပြီးကျွမ်းကျင်နားလည်တဲ့ ရှေ့နေတစ်ယောက် ရှိကိုရှိဖို့ လိုပါတယ်။ ဒီအလုပ်ကို Entertainment Lawyer လို့လည်း ခေါ်ကြပါတယ်။ အခြားကိစ္စဆိုင်ရာ ရှေ့နေတွေနီးပါးလောက် လစာကောင်းတဲ့အပြင် ပိုလည်းများနိုင်ပါတယ်။ တစ်နှစ်ကို Entertainment Lawyer ရတဲ့လစာက အမေရိကန်ဒေါ်လာ 135,740 ရှိပါတယ်။ ဒီအလုပ်ကိုလုပ်ဖို့အတွက် ရှေ့နေနှင့်ပတ်သက်တဲ့ ဘွဲ့တစ်ခုခု (သို့) Diploma တော့လိုအပ်ပါတယ်။

Exit mobile version