SiriusXM Company က ၎င်းတို့ရဲ့ Podcasting App တစ်ခုဖြစ်တဲ့ Stitcher ကိုပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ကြေညာ

နာမည်ကြီး Podcasting နဲ့ Web Service တစ်ခုဖြစ်တဲ့ Stitcher App ကို သြဂုတ် ၂၉ ရက်မှာ အပြီးတိုင်ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း Company က ကြေငြာခဲ့ပါတယ်။ Company က Stitcher App ကို ရပ်ဆိုင်းပြီး ၎င်းတို့ရဲ့ မူရင်း Platform ဖြစ်တဲ့ SiriusXM ပေါ်မှာ Subscription Business နဲ့ Podcast များကို ပေါင်းထည့်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ Company က Stitcher User များအား Podcast တွေကိုဆက်လက်နားထောင်မို့ အတွက် SiriusXM App ဆီ ကူးပြောင်းရန်အတွက် တိုက်တွန်းထားပါတယ်။

ပိတ်သိမ်းတော့မှာဖြစ်တဲ့ SiriusXM ရဲ့ Podcasting App

Stitcher Studios နဲ့ Earwolf Comedy Network ကတော့ Podcast များကို ယခင်အတိုင်းဆက်လက် ထုတ်လုပ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ Stitcher App အတွက် နောက်ထပ် Subscription များကို လက်ခံတော့မှာ မဟုတ်ဘဲ Premium Customer များကိုတော့ ၎င်းတို့ရဲ့ ကျန်ရှိနေတဲ့ Subscription နဲ့ အချိုးကျတဲ့ ပြန်အမ်းငွေများကို အတိအကျပြန်အမ်းမှာ ဖြစ်တယ်လို့ Company ကကြေငြာထားပါတယ်။

Exit mobile version