Self-Driving Car တွေမှာအရေးပါတဲ့ Machine Vision

Tesla လိုလျှပ်စစ်ကားတွေမှာပါတဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ Function တွေကိုအဓိကလုပ်ပေးတာကတော့ Machine Vision ပဲဖြစ်ပါတယ်။ Machine Vision ဆိုတာက ကိုယ့်အနားမှာရှိတဲ့အရာတွေကို သိနိုင်အောင်လုပ်ပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာကို စက်ရုပ်တွေနှင့် ကားတွေမှာအသုံးပြုကြပါတယ်။ ဒီနေ့ခေတ်မှာတော့ AI ရဲ့ တိုးတက်မှုတွေနှင့်အတူ Machine Vision ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါပြီ။ ဒါ့အပြင် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးတွေမှာပါ အသုံးပြုကြပါတယ်။

Self-Driving Cars တွေမှာ Machine Vision က ဘယ်လိုအလုပ်လုပ်ပါသလဲ?

Self-Driving Car တွေမှာအရေးပါတဲ့ Machine Vision 1

Machine Vision ကို ခွဲပြီးကြည့်ရင်တော့ အပိုင်းသုံးပိုင်းရှိပါတယ်။ Camera System, Processing (Edge Computing) နှင့် AI ဆိုပြီးသုံးမျိုးပါ။ ပထမဆုံး Camera System ကိုလေ့လာရအောင်။

Machine Vision ရဲ့အဓိက အကျဆုံးဖြစ်တာကတော့ Camera System ပါပဲ။ ကားတွေမှာ တပ်ဆင်ထားတဲ့ Camera တွေကတစ်ဆင့် အရာ၀တ္ထုတွေကို မှတ်သားနိုင်ပြီး အကွာအဝေးတွေကို တွက်ချက်ပေးနိင်ပါတယ်။ Camera တွေမှာတပ်ဆင်ထားတဲ့ Sensors နှစ်မျိုးက Complementary metal-oxide semiconductors (CMOS) နှင့် Charge-coupled devices (CCD) တို့ဖြစ်ပါတယ်။ Self-driving cars တွေအတွက်တော့ CMOS က ပိုပြီးအလုပ်ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ CMOS တွေက လျှပ်ကူးမှုမြန်ဆန်ပြီး ဆူညံမှုကိုလည်း လျှော့ချပေးတာကြောင့်ပါ။ ကားတွေမှာ တပ်ဆင်ထားတဲ့ Camera တွေက Stereoscopic Vision ကိုလည်း ထုတ်လွှတ်ပေးနိုင်ပါတယ်။ Stereoscopic Vision u အရာ၀တ္ထုတွေကို ပေါင်းစည်းနိုင်ပြီး အနားမှာရှိတဲ့အရာ၀တ္ထုတွေကို အကွာအဝေးတွက်ချက်ပေးနိုင်ပါတယ်။ ဒါကြောင့်ကားတွေက အနီးနားက အရာ၀တ္ထု (သို့) အကွာအဝေးတစ်ခုမှာရှိတဲ့ အရာ၀တ္ထုတွေနဲ့ မထိခိုက်ခင် သိရှိနိုင်ပြီး တွက်ချက်ပေးပါတယ်။

Edge Computer ဆိုကကတော့ Camera က မြင်ရတဲ့အရာတွေကို တွက်ချက်ပြီး အချိန်နှင့်တစ်ပြေးညီ အဖြေကိုပေးနိုင်ပါတယ်။ ဒီလိုအချိန်နှင့်တစ်ပြေးညီ တွက်ချက်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ Processors တွေအသုံးပြုဖို့လိုအပ်ပါတယ်။ Self-Driving Cars တွေမှာအဓိကသုံးထားတဲ့ Processors တွေကတော့ Nvidia’s Tensor Core နှင့် CUDA Cores တွေဖြစ်ပါတယ်။

Self-Driving Car တွေမှာအရေးပါတဲ့ Machine Vision 2

AI Algorithms ကတော့ Machine Vision ကို ပြည့်စုံသွားအောင်လုပ်ဆောင်ပေးတဲ့ အရာပဲဖြစ်ပါတယ်။ အရာ၀တ္ထုတွေကို အရွယ်အစားအချိုးအစားတွေကြည့်ပြီး ဘယ်အရာ၀တ္ထုဆိုတာပြောပြပေးနိုင်ပါတယ်။ ကားတော်တော်များများမှာတော့ LIDAR, RADAR နှင့် SONAR တို့တပ်ဆင်ထားပေမယ့် Machine Vision ကတော့ အဓိကကျတဲ့ နည်းပညာပါပဲ။ Machine Vision က ဖော်ပြပါ LIDAR, SONAR တို့မပါဝင်ပဲ အလုပ်လုပ်ဆောင်နိုင်ပါတယ်။ Tesla ရဲ့ နောက်ဆုံး Self-Driving Cars တွေမှာ RADAR ကို မတပ်ဆင်တော့ပဲ Machine Vision ကိုသီးသန့်မှီခိုအားထားတာကို တွေ့ရပါတယ်။ အနာဂတ်မှာတော့ Machine Vision ကို ဒီထက်ပိုကောင်းမွန်အောင် တီထွင်ကြပြီး ကားတိုင်းမှာ Machine Vision နည်းပညာပါဝင်လာမယ်လို့လည်း ယူဆရပါတယ်။

Exit mobile version