SearchGPT က Google ကို စိန်ခေါ်လာနိုင်မလား

အရင်တုန်းက ပင်လယ်ပြင်တစ်ခုလုံးမှာ ငါးကြီးတစ်ကောင်တည်းဖြစ်တဲ့ Google သာ အုပ်စိုးပါတယ်။ AI ခေတ်မှာတော့ Google ကို စိန်ခေါ်လာနိုင်တဲ့ ပြိုင်ဖက်တွေ အများကြီးပေါ်လာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် OpenAI က သူများနှင့်မတူညီတဲ့​ Generated AI တွေကြောင့် ပြိုင်ဖက် companies တွေကို ယှဉ်နိုင်တဲ့အထိ နှစ်အချိန်တိုတိုလေးမှာ ကြီးထွားလာခဲ့ပါတယ်။ Google မှာ အရာအားလုံးကို ရှာဖွေနိုင်တယ်ဆိုပေမယ့် ကိုယ်လိုချင်တဲ့အချက်အလက်ကို မျက်စိရှေ့မှောက် ယူဆောင်လာနိုင်တဲ့အထိ Gemini က မစွမ်းသေးပါဘူး။ OpenAI ရဲ့ ChatGPT ကတော့ တစ်ခွန်းမေးရင် တစ်ခွန်းတိတိကျကျအဖြေပေးနိုင်တာကြောင့် ယခုအချိန်မှာလူသုံးအများဆုံး AI အဖြစ်ရပ်တည်နေပါတယ်။ Apple လို company တွေကအစ ပူးပေါင်းလာတဲ့ OpenAI ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ညင်းပယ်လို့မရပါဘူး။

SearchGPT ရဲ့ နမူနာပုံစံကို မြင်တွေ့ရစဉ်

UI (User Interface) အရ ပြောရမယ်ဆိုရင်တော့ SearchGPT ကို အသုံးပြုတဲ့ပုံစံက ChatGPT နှင့် သိပ်မကွာပါဘူး။ သင်သိချင်တဲ့အကြောင်းအရာကို အင်တာနက်ကတစ်ဆင့် results တွေကို​ချပြလာမှာဖြစ်ပြီး အနီးစပ်ဆုံး၊ အတိကျဆုံးနှင့် အတိုဆုံး အဖြေကိုပေးနိုင်မှာ ဖြစ်ပါတယ်။ Google ရဲ့ Gemini က သက်တမ်းနုသေးတဲ့အပြင် common sense မရှိတဲ့ သာမန်အသုံးပြုသူတွေအသုံးပြုတဲ့အခါ အန္တရာယ်များပါတယ်။ ဥပမာ Pizza မှာ ကော်သုတ်ပြီးစားပါက ပိုပြီးအရသာရှိတာမျိုးဆိုတဲ့အဖြေတွေကို ချပြတာကြောင့်ဖြစ်ပါတယ်။ SearchGPT ကလည်း အဖြေတွေကို ပိုတိကျအောင် third-party app တွေနှင့်လည်း information တွေကို share ပြီး အဖြေတွေကို တွက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလက Google ကိုပြိုင်မယ့် model တစ်ခုဖန်တီးနေတယ်လို့သိရပြီး ယခုချိန်မှာတော့ SearchGPT ထွက်လာမယ်လို့ အတည်ပြုနိုင်သွားပါပြီ။ SearchGPT အကြောင်းကို website က တစ်ဆင့်လေ့လာနိုင်ပြီး ထွက်ရှိလာမယ့် date ကို join waitlist ကို နှိပ်ပြီး join နိုင်ပါတယ်။ SearchGPT ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်လိုချင်တဲ့အကြောင်းအရာကို အမြန်ဆုံးအဖြေချက်ချင်းပေးနိုင်ပြီး အနီးစပ်ဆုံးတိကျအောင် ဖန်တီးထားတာဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version