MySmartPrice က ချပြခဲ့သော အသစ်ထွက်ရှိမယ့် Samsung ရဲ့ Z Flip 5 ပုံစံမှာ Cover ရဲ့ Screen က ပိုမိုကြီးမားတဲ့ ပုံစံအနေနဲ့ ထုတ်လုပ်မှာလို့ သတင်းပေါက်ကြားခဲ့ပါတယ်။ အရင် Galaxy Z Flip 4 ရဲ့ Cover Screen က 1.9 လက်မသာရှိပါတယ် အဆိုပါသေးငယ်တဲ့ အရွယ်အစားက User တွေအတွက် အချိန်နဲ့ Notification တွေကိုသာကြည့်လို့ရတာဖြစ်ပါတယ်။
လက်တလော ထွက်ရှိထားတဲ့ Motorola Razr Plus ရဲ့ Cover Screen က 3.6 လက်မ ရှိပြီး Z Flip 5 ကလဲ Motorola ရဲ့ Razr Plus လိုမျိုး Screen Size ကြီးကြီးနဲ့ လာနိုင်တယ်လို့သိရှိရပါတယ်။ သတင်းပေါက်ကြားခဲ့တဲ့ Samsung Z Flip 5 ရဲ့ ပုံပါအတိုင်းဆို Google Maps ကြည့်တာတွေ Browse ဖွင့်ပြီး Website တွေအသုံးပြုလို့ရတာတွေ Main Screen လိုမျိုး အကုန်လုံးနီးပါးအသုံးပြုလို့ ရနိုင်မယ်လို့ သိရှိရပါတယ်။ Samsung ရဲ့ Z Flip 5 က Motorola ရဲ့ Razr Plus လိုမျိုးဘဲ ရောက်ရှိလာမှာလား ဒါမှမဟုတ် ပိုမိုဆန်းပြားပြီး မတူညီတဲ့ ပုံစံမျိုးနဲ့ ထွက်ရှိလာမှာလားဆိုတာကို ဇူလိုင်လ မှာကျင်းပမယ့် Samsung Unpacked 2023 မှာ Z Flip 5 အကြောင်းကိုပိုမိုသိရှိရမယ်လို့ ထင်ပါတယ်။