Samsung က နောက်ပိုင်းထွက်လာတဲ့ သူတို့ရဲ့ Budget-Friendly ဖြစ်တဲ့ Phone တွေမှာ AI Feature များကို ကောင်းကောင်းထည့်သွင်းလာတာ တွေ့ရပါတယ်။ ဒီနှစ်အတွင်းမှာ ထွက်လာမှာဖြစ်တဲ့ Galaxy A56၊ A36 နှင့် A26 တို့မှာ “awesome intelligence” လို့ခေါ်တဲ့ AI Event တစ်ခုကို မိတ်ဆက်ခဲ့ပြီး S25 မှာသာရနိုင်တဲ့ AI-powered Image Editing Feature များထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

အသစ်ထွက်မယ့် Galaxy A56၊ A36 နှင့် A26 တို့မှာ Best Face လို့ခေါ်တဲ့ Feature ပါဝင်လာပြီး Google ရဲ့ Best Take လိုမျိုး ရိုက်ပြီးသား ဓာတ်ပုံထဲမှာရှိတဲ့ လူတွေရဲ့ မျက်နှာအမှုအရာတွေကို ပြောင်းလဲလို့ ရမှာဖြစ်ပါတယ်။ နောက်ပြီး “improved” ခေါ်တဲ့ Object Removal Tool၊ Photo Filters၊ Google ရဲ့ Circle to Search စတဲ့ AI Feature များကိုပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Design ပိုင်းမှာတော့ အရင် Galaxy Series တွေနဲ့ မတူပဲ အနည်းငယ်ပြောင်းလဲထားတာ ဖြစ်ပြီး 6.7-inch full HD Plus display နဲ့ 120Hz refresh rate ပါရှိမှာဖြစ်ပါတယ်။ Galaxy A56 ကို $499 ဖြင့် ဒီနှစ်မကုန်ခင် တွက်ရှိမှာ ဖြစ်ပြီး A36 ကိုတော့ $399 ဖြင့် မတ်လ ၂၆ ရက်နေ့၊ A26 ကိုတော့ $299 ဖြင့် မတ်လ ၂၈ရက်နေ့တို့မှာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။