အသစ်ထွက်ရှိမည့် Samsumg Galaxy Z Fold 5 တွင် ခေါက်ရာ ပျောက်တော့မလား?

Samsung ဟာ နောက်ထုတ်လုပ်မည့် Galaxy Z Fold 5 မှာ ခေါက်ရာကို သိသိသာသာ လျော့ကျစေရန် ဖန်တီးနေတာဖြစ်ကြောင်း ကိုးရီးယားသတင်း Naver အရ သိရပါတယ်။

Samsung ဟာ ၎င်း၏ ခေါက်ဖုန်းများကို ခေါက်ရာပျောက်စေရန်အတွက် ကြိုးစားနေတာ ကြာပါပြီး။ ယခုနောက်ဆုံးထွက် Galaxy Z Fold 4 အထိတော့ ခေါက်ရာက မြင်နေရတုန်းပဲ ဖြစ်ပါတယ်။ သို့သော် တခြားသော ခေါက်ဖုန်းများထပ် သာစေရန်အတွက် ရေစိုခံ နည်းပညာကို ထည့်သွင်းနိုင်ခဲ့ပါတယ်။ Samsung ဟာ မျက်ရည်စက်ပုံ ခေါက်နည်းကို ၂၀၁၆ ခုနှစ် ကတည်းက မှတ်ပုံတင်ထားသော်လည်း ယခုအချိန်ထိ ထုတ်သုံးခြင်း မရှိသေးပါဘူး။

Naver ၏ ပြောကြားမှုအရ Galaxy Z Fold 5 မှာ ခေါက်ရာဟာ သိသိသာသာ လျော့ကျသွားမှာဖြစ်ပြီး ၎င်း၏ ဒီဇိုင်းအရ အိတ်ကပ်ထဲ ထည့်ရာတွင် ပိုမိုလွယ်ကူမှာ ဖြစ်ကြောင်း သိရပါတယ်။ Samsung ဟာ လာမည့် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ၎င်း၏ ကိုယ်ပိုင်ပွဲဖြစ်တဲ့ Galaxy Unpacked ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ ယခုလိုပွဲနီးကပ်ချိန်မှာ Galaxy Z Fold 5 ၏ သတင်းထွက်ပေါ်လာတယ်ဆိုတော့ Galaxy Unpacked ပွဲမှာ Galaxy S23 ကို မိတ်ဆက်မယ့်အစား Galaxy Z Fold 5 ကို မိတ်ဆက်သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version