Runway ရဲ့ Generative AI (Gen-1) ကို Mobile App အနေဖြင့် iOS မှာစတင်အသုံးပြုလို့ ရပြီ

AI Startup မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ Runway က Video-To-Video Generative AI Model (Gen-1) ပထမဆုံး Mobile App အနေဖြင့် iOS မှာ အသုံးပြုလို့ ရပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Text, Image, ဒါမှမဟုတ် Video Input ဆိုပြီး Function(3) မျိုးကို ဖန်တီးလို့ ရမှာဖြစ်ပြီး Video to Video ဆိုတဲ့ အတိုင်း Original Video တွေကို Watercolor Painting Style, Claymation Style အစရှိတဲ့ Video Styles တွေကို ပြောင်းလဲပေးမယ့် AI Generative Tool တစ်ခုဘဲ ဖြစ်ပါတယ်။ လောလောဆယ်တော့ Video ကြာချိန်ကို ငါးစက္ကန့် ဘဲလုပ်လို့ရမှာ ဖြစ်ပြီး နောက်ပိုင်း ကြာချိန်ကို တိုးသွားမို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။

You can download the app here, with free users offered a limited number of credits.

တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ Video တွေ အဖော်အချွတ် Video တွေ စတဲ့ ဥပဒေနဲ့ မကင်းလွှတ်တဲ့ Video တွေကိုတော့ အသုံးပြုခွင့်ပေးမှာ မဟုတ်ပါဘူး။ Video တစ်ခု ဖန်တီးတဲ့ အခါ ၂ မိနစ် ၃ မိနစ် ခဲ့ကြာမြှင့်မှာ ဖြစ်ပြီး Uploading ကို တော့ သူ့ရဲ့ Cloud ပေါ်မှာ ပြုလုပ်မှာဖြစ်တဲ့ အတွက် ဖုန်း Overheated တက်တာတွေ ဖြစ်မှာ မဟုတ်ပါဘူး။ လက်ရှိဗားရှင်းမှာ AI Model (Gen-1) ဖြင့်သာ အသုံးပြုလို့ ရမှာဖြစ်သော်လဲ မကြာခင် Gen-2 ကိုထည့်သွင်းမှာ ဖြစ်တယ်လို့ Runway ကကြေညာထားပါတယ်။

Video-To-Video Generative AI Model (Gen-1) ကို အသုံးပြီး Video Creation နယ်ပယ်မှာ AI ရဲ့ လွှမ်းမိုးမှု က ကြီးထွားလာမှာဖြစ်ပြီး အနာဂတ် Video Creation Idea တွေကို မြှင့်တင်ပြောင်းလဲနိုင် လိမ့်မယ်လို့ Runway ရဲ့ CEO, Cristóbal Valenzuela ကပြောကြားခဲ့ပါတယ်

Exit mobile version