Rivian Electronic Trucks တွေကို အခြားလုပ်ငန်းတွေမှာလည်း မကြာမီမြင်ရတော့မည်

လျှပ်စစ်ကားလောကမှာ Tesla ကဲ့သို့ နာမည်ကြီးတဲ့ နောက် EV Brand တစ်ခုဆိုရင်တော့ Rivian ပါပဲ။ Rivian က ထုတ်တဲ့ Electronic Trucks တွေက အကြမ်းခံပြီး ဘက်ထရီသက်တမ်းလည်း ကောင်းမွန်တာကြောင့် လူကြိုက်များတဲ့ Brand တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် Camping ထွက်တဲ့နေရာမျိုးမှာ အသုံးပြုမယ်ဆို အသီးရွက်အသားငါးတွေကို ဆေးကြောလို့ရမယ့် ဘေဇင်ပါပါတာကြောင့် လူအများကြိုက်ကြပါတယ်။ Amazon company က သူ့ရဲ့လုပ်ငန်းမှာ ပစ္စည်းတွေပို့ဖို့အတွက် Rivian နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Rivian Trucks တွေကို Amazon အတွက်ပဲ အသုံးပြုရမယ်ဆိုတဲ့ ကတိနဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မကြာမီအချိန်တွင်းမှာတော့ ဒီစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာမို့ Rivian က သူ့ရဲ့ Trucks တွေကို အခြားလုပ်ငန်းတွေမှာလည်း အသုံးပြုစေချင်နေပါပြီ။

Rivian Electronic Trucks တွေကို အခြားလုပ်ငန်းတွေမှာလည်း မကြာမီမြင်ရတော့မည် 1

Rivian company ကို CEO ဖြစ်တဲ့ R.J. Scargine က စတင်ထူထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ Amazon နဲ့ Delivery Truck တွေထုတ်လုပ်ပေးဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ထဲမှာ ၂၀၃၀ ခုနှစ်ထိ Truck ပေါင်း တစ်သိန်းထုတ်ပေးဖို့ သဘောတူညီမှုပြုခဲ့ပါတယ်။ Amazon က ရရှိခဲ့တဲ့ ဘီလီယံငွေတွေက Rivian company ကို ပိုပြီးခိုင်မာလာစေခဲ့ပါတယ်။ Trucks တွေက အီလက်ထရောနစ်စွမ်းအင်ကို အသုံးပြုတာကြောင့် ကမ္ဘာကြီးအတွက်လည်း ကောင်းမွန်ပြီး လူကြိုက်များလာခဲ့ပါတယ်။

MKBHD မှ Rivian EV Truck ကို review လုပ်ထားသည့် video
Exit mobile version