မျက်ဝန်းမှ ရောင်ပြန်အလင်းပုံရိပ်ကို 3D ပုံ ထုတ်နိုင်ရန် သုတေသီများ ကြိုးစား

Maryland တက္ကသိုလ်ရှိ သုတေသီများဟာ မျက်ဝန်းမှ ရောင်ပြန်အလင်းပုံရိပ်ကို 3D ပုံရိပ်တွေအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားနေကြောင်း သိရှိရပါတယ်။

သုတေသီများ ပြောပြချက်အရ ဒီလုပ်ငန်းကို Neural Radiance Fields နဲ့ AI နည်းပညာကို ပေါင်းစပ်ကာ ပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာတော့ 2D ပုံရိပ်တွေ ထုတ်လုပ်နိုင်နေပြီလို့ သိရပါတယ်။ သို့ပေမယ့် မျက်လုံးက ရောင်ပြန်အလင်းပုံရိပ်တွေကို ခွဲခြမ်းစိတ်ဖြာကာ ရုပ်ပုံကို ပြန်လည်ဖန်တီးရတာကြောင့် လက်ရှိဖမ်းယူနိုင်တဲ့ 2D ပုံရိပ်တွေဟာ ထင်ရှားပြတ်သားမှုမရှိပဲ ဝါးနေသေးပါတယ်။ ဒီသုတေသန လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင်ကို ပြန်လည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။

သုတေသီများက သူတို့ရဲ့ လေ့လာမှုဟာ ဓာတ်ပုံများ၊ Video များရှိ လူသားတွေရဲ့ မျက်ဝန်းထဲက ရုပ်ပုံတွေကို ပြန်လည်ဖော်ထုတ်နေတာ ဖြစ်လို့ အတားအဆီး အခက်အခဲများစွာရှိကြောင်း ပြောပါတယ်။ သုတေသီများဟာ ပထမအဆင့်အနေနဲ့ ဓာတ်ပုံ (သို့မဟုတ်) Video ထဲက လူရဲ့ မျက်လုံးကို Zoom ချဲ့ကြည့်ရပြီး Zoom ချဲ့လို့ရလာတဲ့ မျက်လုံးထဲက ပုံရိပ်ကို ပြန်လည် ခွဲခြားစိတ်ဖြာကာ ရုပ်ပုံထုတ်ရတာ ဖြစ်ပါတယ်။ လူသားတွေရဲ့ မျက်ဝန်းထဲမှာ Texture တွေရှိတာကြောင့် မျက်ဝန်းမှတစ်ဆင့် မြင်တွေ့ရတဲ့ ပုံတွေကို ဖမ်းယူရတာဟာ အလွန်ခက်ခဲကြောင်း သုတေသီများက ရှင်းပြပါတယ်။

သုတေသီများရဲ့ ပြောပြမှုအရ Miley Cyrus and Lady Gaga Music Videos ထဲက မျက်ဝန်းတွေမှ ပုံရိပ်ကိုဖမ်းရာမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို မဖော်ထုတ်နိုင်သေးပဲ မီးလုံးများနဲ့ Camera Tripod ကိုသာ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဘယ်လိုဖြစ်ဖြစ် သုတေသီများဟာ လက်ရှိမှာ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ကာ အဆိုပါ သုတေသနလုပ်ငန်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရုံသာမက မတော်တဆဖြစ်မှုများအပါအဝင် အခြားသော ကိစ္စအတော်အများမှာ အသုံးဝင်နိုင်မယ့် သုတေသနလုပ်ငန်း တစ်ခုပဲ ဖြစ်ပါတယ်။

Exit mobile version