တိုက်ရိုက်ထိန်းချုပ်မှုမပါဘဲ အလိုအလျောက်မောင်းနှင်နိုင်မယ့် Drone နည်းပညာ

မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ တိုက်ရိုက်ထိန်းချုပ်မှုမပါဘဲ AI နည်းပညာအသုံးပြုထားတဲ့ အလိုအလျောက် ထိန်းချုပ်ဆုံးဖြတ်နိုင်မယ့် ဒရုန်း နည်းပညာတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲ့ဒါတော့ Liquid Neural Networks (LNN) လို့ခေါ်တဲ့ မှတ်ဉာဏ်တု ( AI) နည်းပညာတစ်ခုဖြစ်ပြီး သန်ကောင်တွေရဲ့ အရမ်းသေးငယ်တဲ့ ဦးနှောက်တွင်းက လုပ်ဆောင်ချက်တွေအပေါ် မှီခြမ်းထားတဲ့ နည်းပညာဖြစ်ပါတယ်။ ဒါကြောင့် Liquid Neural Networks နည်းပညာသုံးထားတဲ့ ဒရုန်းတွေဟာ သူတို့တစ်ခါမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ အခြေအနေတွေမှာတောင် ဘယ်လိုရွေ့လျားမောင်းနှင်ရမလဲဆိုတာကို အလိုအလျောက် ဆုံးဖြတ်နိုင်တယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် AI နည်းပညာသုံးထားတဲ့ ပစ္စည်းတွေဟာ သူတို့ကို သတ်မှတ်သင်ကြားပေးထားတဲ့ အချက်အလက်အပေါ်မူတည်ပြီး ဆုံးဖြတ်လုပ်ဆောင်ကြတာဖြစ်ပြီး သန်ကောင်တွေရဲ့ ဦးနှောက်ကို မှီခြမ်းပြီး ဖန်တီးထားတဲ့ Liquid Neural Networks သုံးထားတဲ့ အရာတွေကတော့ ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် အလိုအလျောက် ဆုံးဖြတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

Liquid Neural Networks ဟာ ဦးနှောက်အတွင်းမှာရှိတဲ့ နျူထရွန်ဆဲလ်တွေတစ်ခုနဲ့တစ်ခု ဆက်စပ်တုံ့ပြန်တဲ့အပေါ်အခြေခံတာကြောင့် မသင်ကြားရသေးတဲ့ အခြေအနေ၊ အချက်အလက်တွေရှိလာရင်လည်း သူ့ဟာသူ တုံ့ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်များဟာ ၂ မီလီမီတာအရှည်ရှိတဲ့ သန်ကောင်တစ်ကောင်ရဲ့ ဦးနှောက်အတွင်းက နျူထရွန်ဆဲလ် ၃၀၂ ခုနဲ့ အာရုံကြောဆက်စပ်မှုပေါင်း ၈၀၀၀ အပေါ်ခွဲခြမ်းလေ့လာခဲ့ပြီး Liquid Neural Networks ကို ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်အတွင်းက နျူထရွန်ဆဲလ်များဟာ ၈၆ ဘီလီကျော်ရှိပြီး ဆက်စပ်အာရုံကြောပေါင်း ၁၀၀ ထရီလီယံကျော်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Liquid Neural Networks
သန်ကောင်တစ်ကောင်၏ ဦးနှောက်အတွင်းမှ နူထရွန်ဆဲလ်များ

ကိစ္စတစ်ခုခုကို ဖြေရှင်းဆုံးဖြတ်ဖို့ ဦးနှောက်က စဉ်းစားလိုက်တိုင်း နျူထရွန်ဆဲလ်များဟာ ပုံမှန်အခြေအနေထက် အလုပ်ပိုလုပ်ရတာဖြစ်ပြီး ဖြေရှင်းချက်ကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် လူတွေမှာ အတွေ့အကြုံရှိရှိ၊ မရှိရှိ အခြေအနေသစ်တစ်ခုကို ရင်ဆိုင်ရမယ့်အခြေအနေမှာ ကိုယ့်အတွက်ကိုယ် လွတ်မြောက်သက်သာစေဖို့ ဦးနှောက်က ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။

ဒါဆိုရင်တော့ Liquid Neural Networks ရဲ့ သဘာဝကို သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ အဲ့ဒီလို Liquid Neural Networks ကို Drone တွေမှာ စမ်းသပ်နေကြပြီဖြစ်သလို ဒီနည်းပညာက Public ဖြစ်လာမလား၊ Private ဘဲဆက်ထားအုံးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အကယ်၍ Public ဖြစ်လာမယ်ဆိုရင် Drone များဟာ လူတွေရဲ့ တိုက်ရိုက်ထိန်းချုပ်မှုမပါဘဲ သူတို့ဘာသာသူတို့ထိန်းချုပ်နိုင်ပြီး အချင်းချင်း စောင့်ကြည့်တာတွေ၊ တုံ့ပြန်တာတွေအပြင် Mission တွေကိုလည်း ခိုင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version