Remote Work တွေရဲ့ ခေတ်ကုန်တော့မှာလား

Covid ကာလတည်းက ပြောင်းလဲသွားတဲ့ အလုပ်လုပ်မှုပုံစံ New Normal ပုံစံက မကြာခင်ကုန်တော့မယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်နေပါတယ်။ အခုချိန်ခါမှာတော့ ရောဂါတွေလည်း မရှိတော့တာကြောင့် လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ နှိုးဆော်နေပါပြီ။ Survey တွေအရ ၅၂% သူဌေးလုပ်ငန်းရှင်တွေက တစ်ပတ်ကို ရုံးလေးခါအနည်းဆုံးလာဖို့ ပြောနေပါတယ်။ လုပ်ငန်းနယ်ပယ်တွေထဲမှာ နည်းပညာကုမ္ပဏီ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။ Companies တွေက ဝန်ထမ်းတွေကို ရုံးပြန်တက်စေချင်နေပါတယ်။ အဓိကအကြောင်းရင်းကတော့ ရုံးကိုမလာပဲ အိမ်မှာအလုပ်လုပ်တာက အလုပ်ကိုပိုမတွင်စေပဲ အကျင့်ပါသွားမှာကိုလည်း စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။ ရုံးမှာ အလုပ်လုပ်ခြင်းအားဖြင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်လို့ရပြီး အလုပ်လည်းပိုတွင်တာကြောင့် ဖြစ်ပါတယ်။

အိမ်တွင်အလုပ်လုပ်နေသော ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ်

ရုံးလာရတာကို မကြိုက်တဲ့ ဝန်ထမ်းတွေအတွက်လည်း​ ရက်အလိုက် ရုံးတက်နိုင်ပြီးအိမ်မှာလည်း အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးပေးထားပါတယ်။ လုပ်ငန်းအသေးတွေကလည်း လုပ်ငန်းကြီးတွေနှင့်အတူ ဝန်ထမ်းတွေကို ရုံးပြန်တက်စေချင်နေပါတယ်။ Remote Work ကို ကြိုက်တဲ့ အသက်အရွယ်တွေကို စစ်တမ်းအရကြည့်တဲ့အခါ လူလတ်ပိုင်းနှင့် လူကြီးပိုင်းအချို့က သဘောပိုကျပြီး GenZ အချို့က ရုံးမှာအလုပ်လုပ်ရတာပိုကြိုက်ကြပါတယ်။ အကြောင်းရင်းကတော့ အိမ်မှာကုန်ကျတဲ့စရိတ်ကာမိပြီး အထီးမကျန်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်တော်တော်များများက အစာပြေ မုန့်ပဲသရေစာနှင့် နေ့လည်စာလည်း ကျွေးတာကြောင့် စရိတ်သက်သာပါတယ်။ Companies တော်တော်များများက အခုချိန်မှာ Remote Work နှင့်ပတ်သတ်ပြီး Policy အသစ်တွေရေးဆွဲဖို့ ကြိုးပမ်းနေကြပါတယ်။

Exit mobile version