Relationship တိုင်းမှာ အမျိုးသမီးတွေ တိ်တ်တိတ်လေးမုန်းတဲ့ အရာများ

Relationshipတိုင်းက ချောမွေ့နေတာ မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့ ယောကျ်ား (သို့) ကောင်လေးတွေကို ချစ်လို့သာ ခွင့်လွှတ်ထားရတဲ့အရာတွေ ရှိပါတယ်။ စာဖတ်သူက အမျိုးသားတစ်ယောက် ဖြစ်မယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။ ဒီအချက်လေးတွေကို နည်းနည်းချင်းစီ ပြင်လိုက်မယ်ဆိုရင် သင့် ချစ်သူ၊ ဇနီးတွေက အချစ်တွေ ပိုလာမယ်လို့ အာမခံပါတယ်။​

၁။ ကြားချင်တာပဲ ကြားတတ်တဲ့အကျင့်

တစ်ခါတစ်လေ ကိုယ့်ချစ်သူ (သို့) ဇနီးက ပြောတာများလာတဲ့အခါ အမျိုးသား​တွေက စကားလုံးတွေကို နားထောင်မနေတော့ပဲ ပြောချင်တာပြောပါစေဆိုပြီး လျစ်လျူရှုလာတတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အမျိုးသမီးတွေက ပိုစိတ်ဆိုးပြီး စကားတွေ အများကြီး ပြောလာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ပြောတဲ့အခါ အမျိုးသားတွေအနေနဲ့ အတက်နိုင်ဆုံး နားထောင်ပေးလိုက်ပါ။

၂။ နှိုင်းယှဉ်တာတွေ ပြုလုပ်ခြင်း

ဒီအချက်ကတော့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အမျိုးသမီးတွေက များသောအားဖြင့် အချင်းချင်း အမြဲပြိုင်ဆိုင်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ရုတ်တရက် သတိမထားလိုက်မိတာဖြစ်ဖြစ် အခြားအမျိုးသမီးတွေနဲ့ ကိုယ့်ဇနီး၊ချစ်သူကို နှိုင်းယှဉ်ပြီး ပြောလိုက်မယ်ဆိုရင် ကမ္ဘာပျက်မတက် ပြသနာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အခြားအမျိုးသမီးလို့ဆိုတဲ့အခါ ဘယ်အမျိုးသမီးနဲ့မှ နှိုင်းယှဉ်တာကို မပြုလုပ်ဖို့ အထူးလိုအပ်ပါတယ်။

၃။ လွတ်လပ်စွာနေခြင်း

အမျိုးသားတွေအနေနဲ့ တစ်ယောက်တည်းနေတဲ့အခါ အဝတ်လျှော်တာဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေးလုပ်တာဖြစ်ဖြစ်၊ ချက်ပြုတ်တာတွေကို ကိုယ်တိုင်လုပ်ကြပါတယ်။ ချစ်သူ (သို့) ဇနီးရလာတဲ့အခါ ငယ်ဘ၀ကို ပြန်ရောက်သွားသလို လွတ်လပ်စွာ ပြန်နေထိုင်ကြပါတယ်။ ဥပမာ လျှော်ရမယ့်အဝတ်ကို လျှော်မယ့်တောင်းထဲတောင် ရောက်အောင် မထည့်ကြတော့ပါဘူး။ ရေချိုးခန်း ဘေဇင်မှာ မုတ်ဆိတ်ရိတ်ပြီးလည်း သန့်ရှင်းရေးမလုပ်ပဲ ထားခဲ့တာမျိုးတွေ လုပ်မိရင်တော့ သင့်ချစ်သူ(သို့)ဇနီးက စိတ်တိုမှာ အသေအချာပါပဲ။

၄။ ကိုတို့တွေ လို့ နာမ်စားကိုအသုံးပြုရမယ့်အစား ငါ ဆိုပြီး အသုံးပြုခြင်း

နှစ်ယောက်အတူ ဘ၀တစ်ခုကို ထူထောင်တဲ့အခါ အရာအားလုံးက ငါ ဆိုတာပျောက်ပြီး ကိုတို့ ဆိုတာဖြစ်သွားပါတယ်။ လုပ်သမျှအရာအားလုံးက မိမိနှင့် မိမိချစ်သူအတွက်ဆိုတာကို မှတ်ထားဖို့လိုပါတယ်။ အမျိုးသားတွေက ရည်ရွယ်ချက်ရှိရှိ ငါ ဆိုပီး နာမ်စားကို မသုံးမိပေမယ့် အမျိုးသမီးတွေအတွက်တော့ စိတ်ထဲမှာ သူ့ကို ပစ်ပယ်ထားတယ်လို့ ခံစားသွားရမှာ အမှန်ပါပဲ။

Relationship တိုင်းမှာ အမျိုးသမီးတွေ တိ်တ်တိတ်လေးမုန်းတဲ့ အရာများ 1

၅။ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ အချိန်ပိုကုန်နေခြင်း

အမျိုးသားတွေအနေနဲ့ ဖုန်းကို တစ်ချိန်လုံးကြည့်တာမျိုးဖြစ်ဖြစ်၊ ဂိမ်းပဲ အမြဲဆော့နေတာမျိုးဖြစ်ဖြစ်၊ ကွန်ပျူတာပေါ်မှာပဲ အလုပ်တွေကို အချိန်ပြည့် လုပ်နေတာမျိုးတွေကို လျှော့သင့်ပါတယ်။ သင်က အိမ်ထောင်ပြုလိုက်တဲ့အခါမှာ အိမ်ထောင်ဖက်ကိုလည်း လေးစားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းက ရေရှည်အတွက်မှာတော့ အစိုင်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

၆။ အရာ သေးသေးလေးတွေကို သတိမထားမိခြင်း

ဥပမာ သင့်ကောင်မလေးက ဆံပင်နဲ့ ပတ်သတ်ပြီး တစ်ခုခု လုပ်လာတဲ့အခါမှာ သင့်အနေနဲ့ ချီးကျူးစကားလေးပြောသင့်ပါတယ်။ အမျိုးသားတွေအနေနုဲ့ အရာအားလုံးကို ဂရုစိုက်ဖို့ သတိထားမိဖို့က ခက်တော့ ခက်ခဲလှပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုသေးသေးလေးတွေက အစ သင် သတိထားမိပြီး ပြောရင်တော့ သင့်ချစ်သူ(သို့) ဇနီးက သူတို့အပေါ် ဂရုစိုက်ပြီး ချစ်တယ်လို့ မှတ်ယူကြတတ်ပါတယ်။

၇။ လူကြားထဲရောက်တဲ့အခါ အမူအရာပြောင်းလဲခြင်း

အမျိုးသားတွေအနေနဲ့ ချစ်သူနဲ့နှစ်ယောက်တည်းရှိတဲ့အခါမှာ တစ်ကမ္ဘာလိုနေကြပေမယ့် မိတ်ဆွေသစ်၊ အပေါင်းအသင်းတွေအရှေ့ရောက်သွားတဲ့အခါ မျက်နှာတည်သွားတတ်ကြပါတယ်။ ဒါက​ အမျိုးသားအများစုမှာ ဖြစ်နေကြအမူအရာဖြစ်ပေမယ့် အမျိုးသမီးတွေရဲ့ စိတ်ထဲမှာတော့​ သူတို့ကို လူကြားထဲကျရင် ဂရုမစိုက်ဘူးလို့ မှတ်ယူကြပါတယ်။ ဒီလိုဖြစ်တာကို အမျိုးသမီးတွေက မနှစ်သက်ကြပါဘူး။

ကျွန်တော်တို့ အမျိုးသားတွေအားလုံး သိကြတဲ့အတိုင်း အမျိုးသမီးတွေရဲ့ ဆန္ဒက တော်ရုံနဲ့ မပြည့်နိုင်ပါဘူး။ အရာအားလုံး အသေးစိတ်ကအစ ပြည့်စုံအောင် အမျိုးသမီးတွေအကြိုက် နေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အပေါ်က ပြောပြခဲ့တဲ့အချက်တွေထဲက သင်လုပ်နေမိခဲ့တာမျိုးရှိရင် ပြောင်းဖို့ အကြံပေးပါရစေ။ သင် လုပ်နေကျအရာတွေကို ပြောင်းလိုက်တဲ့အခါမှာ သင့်ချစ်သူ (သို့) ဇနီးကလည်း သင့်ကို ပိုနားလည်လာပြီး လိုက်လျောသင့်တာမျိုးတွေ လိုက်လျောလာပါလိမ့်ပါမယ်။

Exit mobile version