Google Messages နဲ့ ပို့်ထားတဲ့ RCS Message ကို ၁၅ မိနစ်အတွင်း ပြန်ပြင်နိုင်ပြီ

Google Messages ရှိ RCS စနစ်နဲ့ ပေးပို့လိုက်တဲ့ Messages တွေကို ၁၅ မိနစ်အတွင်း ပြန်လည် ပြုပြင်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

RCS စာပေးပို့မှုစနစ်ဟာ SMS စနစ်ကို လုံခြုံရေးအရ အဆင့်မြှင့်ထားတဲ့အပြင် Internet ရှိပါက ဓာတ်ပုံ၊ Video နှင့် အသံ File တို့ကိုပါ တစ်ဦးနဲ့ တစ်ဦး ပေးပို့နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ Google Messages ရှိ ပြုပြင်လိုတဲ့ RCS Message ကို ဖိထားလိုက်ပါက ဖုန်းရဲ့ အပေါ်ဆုံးရှိ Bar တန်းလေးမှာ ခဲတံပုံ Icon လေး ပေါ်လာမှာ ဖြစ်ပြီး ၎င်း ခဲတံပုံ Icon လေးကို နှိပ်လိုက်ရင်တော့ RCS Message ကို ပြုပြင်နိုင်ပြီ ဖြစ်ပါတယ်။ သတိထားရမယ့် အရာကတော့ ၁၅ မိနစ် အတွင်း ပို့ထားတဲ့ Messages ဖြစ်မှသာ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။

Google ဟာ RCS Messages ပြုပြင်ခြင်းနဲ့အတူ Emoji Kitchen လို့ နာမည်ပေးထားတဲ့ Sticker Combos များကိုလည်း Google Messages မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဥပမာ – အပေါ်ကပုံထဲမှာ မြင်ရတဲ့အတိုင်း Disco Ball နဲ့ Headphones ပုံ Sticker တို့ကို ရွေးလိုက်မယ်ဆိုရင် ၎င်း Sticker (၂) ခုကို ပေါင်းစပ်ထားတဲ့ အခြား Sticker များကို မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့ Google Messages မှာ အသစ်ပါဝင်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

Exit mobile version