ဒေါ်လာသန်းကျော် ရောင်းအားရှိသော Razer ရဲ့ Zephyr face mask အပေါ် FTC က စွဲချက်တင်

၂၀၂၁ ခုနှစ်က စတင်ထုတ်လုပ်ခဲ့သော Razer ရဲ့ RGB-clad Zephyr face mask များကို ဝယ်ယူခဲ့သော သုံးစွဲသူများအား Company က 1.1 million ဒေါ်လာကို ပြန်အမ်းငွေအဖြစ် ပြန်လည်ပေးဆောင်ရမည်ဟု Federal Trade Commission(FTC) ကစွဲချက်တင် ကြေညာခဲ့ပါတယ်။ Razer က Zephyr face mask မှာ လေထုအတွင်းမှ အမှုန်အမွှားများရဲ့ 95% အထက်ကို စစ်ထုတ်နိုင်တဲ့ N95-grade filters ပါဝင်ကြောင်း ကြေညာ ကာရောင်းချခဲ့တာဖြစ်ပါတယ်။ FTC က Company သည် N95-grade filters ပါဝင်ကြောင်း စမ်းသပ်ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနများဆီ မတင်သွင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ်လာသန်းကျော် ရောင်းအားရှိသော Razer ရဲ့ Zephyr face mask အပေါ် FTC က စွဲချက်တင်

Razer ရဲ့ Zephyr face mask မှာ N95 filter များ အမှန်တကယ်မပါဝင်ကြောင်း YouTuber အချို့ကချပြခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စွဲချက်အပေါ် Razer က ၎င်းတို့ရဲ့ Razer Zephyr နဲ့ Zephyr Pro Mask များက ဆေးဘက်ဆိုင်ရာသုံး၊ ကျန်းမာရေးဆိုင်ရာ Personal Protective Equipment (PPE) အတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ခြင်း မဟုတ်ကြောင်း X မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Exit mobile version