ChatGPT လို နာမည်ကြီး AI Chatbot တွေကို တစ်နေရာထဲ အစုံသုံးနိုင်မယ့် Poe AI

Poe AI Chatbot ဆိုတာ Quora က ဖန်တီးပေးထားတဲ့ Chatbot တစ်ခုဖြစ်ပြီးတော့ Mobile App ရော၊ Website နဲ့ပါ အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။ Poe Chatbot ရဲ့ အားသာချက်က ChatGPT လိုနာမည်ကြီး Chatbot အပြင် ChatGPT နဲ့ဆင်တဲ့ အခြားသော AI Chatbot တွေကိုပါ တစ်နေရာထဲ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။

ChatGPT, Saga, Claude နဲ့ Dragonfly AI Chatbot တွေကို တစ်နေရာထဲမှာ အသုံးပြုလို့ရတာကြောင့် တော်တော်လေးအဆင်ပြေပါတယ်။ MyanmarEndUser ကနေ Poe AI Chatbot ကို ညွှန်းဆိုရတဲ့အကြောင်းရင်းရှိပါတယ်။ အဲ့ဒါကတော့ ပုံမှန်အားဖြင့် ChatGPT Free User တွေအနေနဲ့ ChatGPT အသုံးပြုတဲ့အခါ နေ့စဉ် မေးနိုင်မယ့် မေးခွန်းအရေအတွက် အကန့်အသတ်ရှိနေတာဖြစ်ပြီး ChatGPT Premium Subscription ဝယ်ယူထားမှသာလျှင် အကန့်အသတ်မရှိ မေးခွန်းတွေ မေးမြန်းတာတွေ ပြုလုပ်လို့ရတာ ဖြစ်ပါတယ်။

Poe AI

ဒါ့အပြင် ChatGPT Free User တွေအနေနဲ့ လူအရမ်းအသုံးများတဲ့အချိန်မှာမှာလည်း သုံးလို့မရဘဲ Traffic နည်းတဲ့အချိန်မှသာလျှင် အသုံးပြုလို့ရတာဖြစ်တဲ့အတွက် ကြိုက်တဲ့အချိန်သုံးမယ်၊ အကန့်အသတ်မရှိမေးမြန်းမှုတွေ လုပ်မယ်ဆို Premium Subscription Plan ဝယ်မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Poe Chatbot App ကနေ သုံးမယ်ဆိုရင် ChatGPT Traffic များနေတဲ့အချိန်မှာတောင်မှ အသုံးပြုနိုင်ပါတယ်။ လောလောဆယ်တော့ မေးခွန်းအရေအတွက် ကန့်သတ်ထားခြင်း မရှိသေးတာကြောင့် ChatGPT Premium သုံးနေရသလိုတောင် ဖြစ်နေပါသေးတယ်။

ဒါကြောင့် လောလောဆယ်အခြေအနေမှာ ကိုယ်က ChatGPT ကို အချိန်မရွေး အသုံးပြုချင်တယ်၊ မေးခွန်းအရေအတွက် ကန့်သတ်မှုတွေ မရှိဘဲ တစ်ကယ့် Premium ကို ဝယ်ထားတဲ့အတိုင်း အသုံးပြုချင်တယ်ဆိုရင်တော့ Poe Chatbot ကတော့ ဒီအချိန်မှာ အသင့်တော်ဆုံးဖြစ်နေပါတယ်။ Poe ကို အသုံးပြုရမယ့်လိပ်စာကတော့ www.poe.com ဘဲ ဖြစ်ပါတယ်။ Mobile App အနေနဲ့ဆိုရင်တော့ iOS အတွက်ဘဲ ရနိုင်ပါသေးတယ်။

Exit mobile version