OnePlus က သူတို့ရဲ့ Nord Series (Mid-Range Handset) lineup ဖြစ်တဲ့ OnePlus Nord 5 ကို မကြာသေးခင်ကမှ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Nord 5 မှာ Qualcomm ထုတ် Snapdragon 8S Gen 3 ချစ်ပ်ပြားကို အသုံးပြုထားတာကြောင့် Gaming, Multitasking နဲ့ နေ့စဉ်အသုံးပြုမှုတွေမှာ ပိုပြီးထိရောက်တဲ့ Performance တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Nord 5 မှာက LPDDR5X RAM ကို ထောက်ပံ့ပေးထားပြီး အပူချိန် ထိန်းချုပ်မှု စနစ်အသစ်ကိုပါ ထည့်သွင်းထားပါတယ်။

Nord 5 က Gaming အတွက် အဓိကထားတာ ဖြစ်ပြီး “ထူးခြားတဲ့ Performance နဲ့ High-Definition ဂိမ်းတွေအတွက် Support ကောင်းကောင်း” ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ OnePlus က နောက်ထပ် Nord CE5 ကိုပါ မိတ်ဆက်ထားတာ ဖြစ်ပြီး Nord 5 ထက် စျေးပိုသက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။ Nord 5 နဲ့ Nord CE5 ဖုန်းနှစ်မျိုးလုံးမှာ OnePlus ရဲ့ “Plus Key” လို့ခေါ်တဲ့ ခလုတ်အသစ်ကိုထည့်သွင်းထာဖြစ်ပြီး အရင် Alert Slider နေရာမှာ အစားထိုးထားတာ ဖြစ်ပါတယ်။ “Plus Key” Button က (Apple ရဲ့ action button) လိုမျိုး AI tool တွေကို ချက်ချင်းဖွင့်နိုင်ပြီး၊ အသုံးပြုသူရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး အမျိုးမျိုးသော လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲချိန်ညှိနိုင် မှာဖြစ်ပါတယ်။
One Plus က Nord 5/CE5 အပြင် OnePlus Buds 4 earbuds အသစ်ကိုပါ မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ Buds အသစ်မှာ Gamer များအတွက် ultra-low latency audio နဲ့ Hi-Res audio တို့ကို Support ပေးထားတာဖြစ်ပြီး Dual Driver စနစ်ပါထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ အရောင်ကတော့ Green နဲ့ Dark gray ဆိုပြီး Option နှစ်ခု ရရှိနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် Smartwatch နဲ့ Tablet အသစ် တို့ကိုလဲ မိတ်ဆက်ထားပြီး ဘယ်လိုမျိုး Specification တွေပါဝင်လာမလဲ ဆိုတာကိုတော့ OnePlus ရဲ့ ဇူလိုင် ၈ ရက်နေ့မှာကျင်းပမယ့် Launch Event မှာ အသေးစိတ်အချက်အလက်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။