Apple ရဲ့ M2 ထက်ပိုကောင်းတဲ့ Chips ကို Qualcomm မှ မိတ်ဆက်

Qualcomm ဟာ Apple ရဲ့ M2 ထက် ၅၀ ရာနှုန်းပိုကောင်းတဲ့ AI Chips အသစ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Qualcomm ရဲ့ AI Chips ကို Snapdragon X Elite လို့ခေါ်ပြီး Apple ရဲ့ M2 မှာ အသုံးပြုထားတဲ့ Core ထက် ၂ဆ ပိုများတဲ့ Core တွေကို သုံးထားကြောင်း သိရပါတယ်။ Snapdragon X Elite ကို 4nm Processor နဲ့ ပြုလုပ်ထားပြီး Memory Bandwidth အနေနဲ့ 136GB/s အထိ ရှိမယ်လို့ သိရပါတယ်။ သာမန် Processors တွေထက် လျှပ်စစ်အသုံးပြုမှု သက်သာမှာ ဖြစ်သလို Performance အပိုင်းမှာတော့ M2 ထက် ၅၀ ရာနှုန်းအထိ ပိုမြန်မယ်လို့ သိရပါတယ်။

Qualcomm ရဲ့ ပြောပြထားမှုအရ Snapdragon X Elite ဟာ Apple ရဲ့ M2 ထက် ပိုသာမယ်ဆိုတာ သေချာသလောက်ဖြစ်နေပေမယ့် ၎င်း AI Chips ကို နောက်နှစ် အလည်လောက်မှ ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်တာကြောင့် အတိအကျပြောဖို့တော့ ခက်ခဲနေအုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Qualcomm ဟာ Snapdragon Seamless လို့ခေါ်တဲ့ Cross-Platform Technology အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။ Snapdragon Seamless ကတော့ Snapdragon ကို အသုံးပြုထားတဲ့ Devices တွေအားလုံး ချိတ်ဆက်နိုင်မယ့် နည်းပညာဖြစ်ပြီး ဘယ်လို OS မျိုးနဲ့မဆို ချိတ်ဆက်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Snapdragon Seamless နဲ့ ပါတနာ လုပ်ထားတဲ့ နည်းပညာကုမ္ပဏီကြီးတွေကတော့ Microsoft ၊ Google ၊ Dell ၊ Lenovo ၊ Honor နှင့် Oppo တို့ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version