Public Wi-Fi တွေကို အသုံးပြုခြင်းမှ အထူးရှောင်ကြဥ်သင့်သည့် အကြောင်းရင်း

Public Wi-Fi တွေကို လေဆိပ်၊ ရထားဘူတာနှင့် အခြားလူအများအပြား လာရောက်လည်ပတ်တဲ့နေရာတွေမှာ တွေ့မြင်နိုင်ပါတယ်။ များသောအားဖြင့် လူတွေက ကိုယ့် data ကို အသုံးပြုခြင်းထက် public wi-fi တွေကို အသုံးပြုရတာ နှစ်ခြိုက်ကြပါတယ်။ Speed အရမ်းများတာရယ်၊ ကုန်ကျစရိတ်လျှော့ချင်တာကြောင့် အသုံးပြုကြပါတယ်။

Australia မှာ သိပ်မကြာသေးတဲ့ ရက်ပိုင်းက cybercrime ဖြစ်သွားခဲ့ပါတယ်။ Hackers တွေက အသုံးပြုသူတွေရဲ့ data တွေအားလုံးကို ရရှိပြီး မသမာမှုတွေလုပ်သွားလို့ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် USA ကလည်း hackers တွေနောက် တင်းတင်းကျပ်ကျပ် လိုက်နေပါတယ်။ Hackers အများစုက public Wi-Fi ကို လူတွေအသုံးပြုကြမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လေဆိပ်လိုနေရာတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် wifi signal တွေလွှင့်ပြီး users တွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ပါတယ်။ အသုံးပြုသူတွေက သူတို့ရဲ့ wifi ကို ချိတ်မိပြီဆိုတာနှင့် login passwords တွေကို အလွယ်တကူ ရယူနိုင်ပြီ ဖြစ်ပါတယ်။ Bank informations, social media passwords တွေကို အလွယ်တကူ ရယူကြတာ ဖြစ်ပါတယ်။ “Evil Twins” လို့ခေါ်တဲ့ bank card informations တွေကို ရယူတဲ့နည်းတစ်မျိုးရှိပါသေးတယ်။ card ကို tap လုပ်တဲ့ device ထဲမှာ သူတို့အလွယ်တကူရယူလို့ရအောင် device တစ်ခု ကပ်ထားပြီး ထားထားပါတယ်။ ပြီးရင်တော့ password ရိုက်ခိုင်းတာမျိုးတွေလုပ်ပြီး bank information ကို ခိုးယူတာဖြစ်ပါတယ်။

Public Wi-Fi တွေကို အသုံးပြုခြင်းမှ အထူးရှောင်ကြဥ်သင့်သည့် အကြောင်းရင်း 1

ဒီလိုခိုးယူခံရခြင်းနည်းလမ်းက ရှောင်ကြဥ်ချင်ရင်တော့ webiste ရဲ့ URL ကို အမြဲစစ်ဆေးဖို့ လိုပါတယ်။ နာမည်လေးတစ်လုံးလွဲတာမျိုးကအစ အထူးသတိထားဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ပိုင် hotspot ကို အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။

Exit mobile version