Deep research ကို Free အသုံးပြုခွင့် ပေးလိုက်တဲ့ Perplexity

Perplexity ဟာ သူတို့ရဲ့ AI Chatbot မှာ Deep Research Tool ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Deep Research ကို AI ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google က ဒီဇင်ဘာလနဲ့ OpenAI က ပြီးခဲ့တဲ့လတုန်းက အသီးသီး မိတ်ဆက်ပေးခဲ့တာကြောင့် Perplexity ဟာ နောက်ဆုံးလို့ ဆိုနိုင်ပါတယ်။

Deep Research ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ခက်ခဲနက်နဲတဲ့ သုတေသန လုပ်ငန်းများနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာများကို တွက်ချက် အဖြေရှာပေးဖို့ ဖြစ်ပါတယ်။ Perplexity ရဲ့ ပြောပြမှုအရ ၎င်းတို့ရဲ့ Deep Research Tool ရဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်ရာမှာ 21.1% အထိ ရရှိခဲ့တာကြောင့် OpenAI ရဲ့ Deep Research မှ အပ တခြားသော AI တွေထက် သာလွန်ကြောင်း သိရပါတယ်။

OpenAI ရဲ့ Deep Research ကို သုံးချင်ရင် တစ်လ ဒေါ်လာ ၂၀၀ ပေး ဝယ်ရမှာ ဖြစ်ပြီး Perplexity မှာတော့ Free အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ Perplexity ရဲ့ Deep Research ကို Web မှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကာ နောက်ပိုင်းမှာ‌တော့ Mac ၊ iOS နဲ့ Android Apps တွေမှာပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ADVERTISEMENT
Exit mobile version