Passport ပါဝါထဲမှာ အင်အားကြီးလာတဲ့ စင်ကာပူနိုင်ငံ

သင့်မှာ စင်ကာပူ passport ရှိတယ်ဆိုရင်တော့ သင်က ကံကောင်းတဲ့လူသားတစ်ယောက်ပါ။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စီးပွားရေးရော ပညာရေးရော အင်အားအကြီးဆုံးနိုင်ငံကတော့ စင်ကာပူနိုင်ငံပါ။ စင်ကာပူနိုင်ငံက စည်းကမ်းတင်းကျပ်ပြီး ပညာရေးလည်းကောင်းမွန်တာကြောင့် ကမ္ဘာမှာ မျက်နှာရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ စင်ကာပူ passport က နိုင်ငံသားနှင့် သတ်မှတ်ထားတဲ့ လူအချို့သာ ရနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဂျပန်နိုင်ငံရဲ့ passport က စင်ကာပူနိုင်ငံထက် rank ပိုမြင့်ပါတယ်။ အခုဆိုရင်တော့ စင်ကာပူ passport က နိုင်ငံတော်တော်များများရဲ့ passport ကို ကျော်တက်သွားပါပြီ။ နိုင်ငံပေါင်း ၁၉၂ နိုင်ငံကို ဗီဇာမလိုပဲ passport ကိုင်ဆောင်ပြီး သွားနိုင်ပါပြီ။

Covid ကာလကြောင့် နလန်မထူနိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်ပွဲတွေကြောင့် ဗီဇာတွေကန့်သတ်ခံလိုက်ရတဲ့ နိုင်ငံတွေကြားထဲမှာ စင်ကာပူ passport ကတော့ နိုင်ငံတော်တော်များများကို ကျော်တက်သွားပါပြီ။ အရမ်းတိုးတက်တဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုးရီးယား နှင့် ဟောင်ကောင်တို့မှာ လူငယ်၊လူရွယ်တွေ နည်းလာပြီး ထုတ်ကုန်စွမ်းအားတွေလည်း ကျဆင်းလာပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ လူဦးရေမွေးဖွားမှုနှုန်း သိသိသာသာကျဆင်းလာပြီး သက်ကြီးရွယ်အိုတွေ ပိုများလာတာကြောင့်ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံက နိုင်ငံအကျယ်အဝန်းသေးပေမယ့် ပညာတတ်တွေကို​ဦးစားပေးတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများနှင့်လည်း သင့်မြတ်အောင်နေတတ်ပြီး စီးပွားရေးနှင့် ပညာရေးကောင်းမွန်အောင် အားသွန်ခွန်စိုက် အမြဲမောင်းနှင်နေတာကြောင့် နိုင်ငံရဲ့အရှိန်အဝါက မှေးမှိန်မသွားခဲ့ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း အမြဲသင့်မြတ်နေပြီး ငွေကြေးကလည်း ခိုင်မာတာကြောင့် ဥရောပနိုင်ငံနှင့် အခြားနိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြပါတယ်။

Exit mobile version