ChatGPT App မှာ ကြော်ငြာနဲ့ ပတ်သက်တဲ့ အကြံပြုစာတွေ မြင်တွေ့နေရခြင်းကို OpenAI က ရှင်းလင်း

ChatGPT App ကို ပိုက်ဆံပေးပြီး အသုံးပြုနေသူများမှာ ကြော်ငြာနဲ့ ပတ်သက်တဲ့ စာတွေ မြင်တွေ့နေရကြောင်း Reports တွေ တက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး OpenAI ရဲ့ သုတေသန အရာရှိချုပ် Mark Chen က ကုမ္ပဏီက သတိထားမိကြောင်း သူတို့ဘက်က ပျက်ကွက်မှု ရှိခဲ့ကြောင်း တောင်းပန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Chen နဲ့ အခြားသော OpenAI ရဲ့ အမှုဆောင်အရာရှိများဟာ ထို Reports များနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးနေကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ ChatGPT App နဲ့ ပတ်သက်တဲ့ ကိစ္စကို စမ်းသပ်နေတာ ဖြစ်ပြီး အခုမြင်တွေ့ခဲ့ရတဲ့ ကြော်ငြာများဟာလည်း အခကြေးငွေ မယူထားတဲ့ ကြော်ငြာ စမ်းသပ်မှုသာ ဖြစ်ကြောင်း သိရပါတယ်။

ChatGPT ရဲ့ ခေါင်းဆောင် Nick Turley ကလည်း အသုံးပြုသူများအနေနဲ့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုများစွာ ဖြစ်ပွားနေတာ တွေ့ရပြီး ယခုပျံ့နှံ့နေတဲ့ Screenshot များဟာ အစစ် မဟုတ်သလို ကြော်ငြာလည်း မဟုတ်ကြောင်း၊ အသုံးပြုသူများဟာ ChatGPT ကို ယုံကြည်ကြပြီး ၎င်းအပေါ် ကုမ္ပဏီအနေနဲ့ လေးစားမှု အပြည့်အဝရှိတာကြောင့် အခုလိုမျိုး ကြော်ငြာထည့်သွင်းမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က သေချာစွာ စဥ်းစားရမယ့် အခြေအနေမျိုး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ကြော်ငြာနဲ့ ပတ်သက်တဲ့ အကြံပြုစာ ပေါ်နေတာကို OpenAI က ပိတ်ပေးလိုက်ပြီး နောက်ပိုင်း ထပ်ပေါ်လာခဲ့ရင်လည်း အသုံးပြုသူက ကိုယ်တိုင်ပိတ်လို့ရအောင် ထိန်းချုပ်နိုင်တဲ့ ခလုပ်တွေ ထည့်သွင်းထားကြောင်း သိရပါတယ်။

Exit mobile version