OpenAI ရဲ့ Sora ဟာ YouTube ရှိ Video များကို အသုံးပြုနေကြောင်း သတင်းများထွက်ရှိ

OpenAI ရဲ့ Text-to-Image Generator ဖြစ်တဲ့ Sora AI ကို YouTube ပေါ်ရှိ Videos တွေကို ယူသုံးကာ လေ့ကျင့်ပေးနေကြောင်း သတင်းများ ထွက်ရှိနေတာ ဖြစ်ပါတယ်။

OpenAI ရဲ့ CTO Mira Murati ဟာ ပြီးခဲ့တဲ့လတုန်းက Interview တစ်ခုမှာ Sora ကို လေ့ကျင့်ပေးရာမှာ YouTube ကဲ့သို့ Videos များကို အသုံးပြုကာ လေ့ကျင့်ပေးနေကြောင်း ပြောကြားထားတာလည်း ရှိနေပါတယ်။ YouTube ရဲ့ CEO Neal Mohan ကတော့ သူတို့ဘက်က စောင့်ကြည့်နေကြောင်း၊ တကယ်လို့ OpenAI သာ အမှန်တကယ် YouTube ပေါ်ရှိ Videos တွေကို ယူသုံးနေပါက ဒါဟာ ဥပဒေချိုးဖောက်ခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားကြောင်း ပြောထားပါတယ်။

YouTube ပေါ်ရှိ Creator များဟာ Video တစ်ပုဒ်ရဖို့အတွက် ရင်းနှီးမှုများစွာ ပြုလုပ်ထားရတာကြောင့် သူတို့ရဲ့ Videos တွေကို ခွင့်ပြုချက်မတောင်းပဲ ယူသုံးခြင်းဟာ ဥပဒေနဲ့ မလွှတ်ကင်းသလို YouTube ရဲ့ စည်းမျဥ်းနဲ့လည်း ကိုက်ညီမှုမရှိတာကြောင့် အမှန်တကယ်ပဲ OpeanAI ဟာ Sora ကို လေ့ကျင့်ဖို့ YouTube Videos တွေကို ယူသုံးနေပါက ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။

Exit mobile version