ChatGPT ရဲ့ နောက်ထပ် ခြေလှမ်းအသစ်ဖြစ်တဲ့ Canvas

OpenAI ဟာ ChatGPT အသုံးပြုသူများအတွက် Workspace အသစ်ဖြစ်တဲ့ Canvas ကို Beta Version အနေနဲ့ ချပြလိုက်ပြီ ဖြစ်ပါတယ်။

ChatGPT ရဲ့ Canvas ဟာ အဓိကအားဖြင့် Software Engineer များ၊ Developers များအတွက် ရည်ရွယ်ကာ ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ Coding နဲ့ ပတ်သက်တဲ့ Project တစ်ခုကို ပြုလုပ်နေချိန်မှာ ChatGPT ရဲ့ Main Chat ဘေးမှာ Canvas ကို ခေါ်ထားကာ Coding များကို ရေးပေးနိုင်မှာ ဖြစ်တာကြောင့် အလုပ်လုပ်ရတာ ပိုမိုလွယ်ကူပြီး အချိန်ကုန် သက်သာစေမှာ ဖြစ်ပါတယ်။

Canvas မှာ Programming Languages တွေဖြစ်တဲ့ JavaScript ၊ TypeScript ၊ Python ၊ Java ၊ C++ နဲ့ PHP အစရှိတဲ့ Languages များစွာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OpenAI ရဲ့ ပြောပြမှုအရ Canvas နဲ့အတူ အခြားသော AI Assistants တွေကိုလည်း ထည့်သွင်းပေးသွားဖို့ ရှိကြောင်း သိရပါတယ်။ လက်ရှိမှာတော့ Canvas ကို Beta Version အနေနဲ့ ChatGPT Plus မှာ အသုံးပြုနိုင်နေပြီ ဖြစ်ကာ အခြား Enterprise နဲ့ Education အသုံးပြုသူများကတော့ နောက်အပတ်ထဲ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version