OpenAI က ChatGPT မှာ Internet နဲ့ ချိတ်ဆက်မယ့် Plugin ကို ထည့်သွင်းလိုက်ပြီ

OpenAI ဟာ ChatGPT မှာ Developer တွေအတွက် API ကို မထည့်ပေးမှီမှာ ပြင်ဆင်မှုတွေလုပ်နေတာ တွေ့ရပါတယ်​။ အခုတစ်ခါမှာ ChatGPT ကို လက်ရှိခေတ်နဲ့အညီ အလုပ်လုပ်နိုင်အောင် Internet နဲ့ ချိတ်ဆက်ပေးမယ့် ChatGPT Plugin ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

အရင်က ကျွန်တော်တို့အသုံးပြုနေတဲ့ ChatGPT ဟာ ၂၀၂၁ အနောက်ပိုင်းခေတ်က အချက်အလက်တွေနဲ့ ဖန်တီးထားတဲ့ Chatbot တစ်ခုဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် Out of Date ဖြစ်နေတာပေါ့။ အခုတော့ Internet နဲ့ ချိတ်ဆက်ပေးလိုက်ပြီဆိုတော့ ခေတ်မှီသွားပြီဖြစ်ပါတယ်။ OpenAI ပြောပြမှုအရ အခုလို Internet နဲ့ ချိတ်တဲ့ plugin ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် အသုံးပြုသူတွေအတွက် ပိုမိုတိကျတဲ့ အဖြေတွေကို ထုတ်ပေးနိုင်မှာ ဖြစ်သလို တစ်ဖက်မှာလည်း ဆိုးကျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

ChatGPT Plugins
ChatGPT Plugins

မသမာသူများဟာ ChatGPT ကိုအသုံးပြုပြီး လုံခြုံရေး အကာအကွယ်များကို ကျော်ဖြတ်ကာ မှားယွင်းတဲ့ စာတွေ၊ Spam Email တွေကို ပေးပို့ခြင်း၊ အခြားသူများကို လိမ်လည်လှည့်ဖျားခြင်း (သို့မဟုတ်) အလွဲသုံးစားလုပ်ခြင်းများ ဖြစ်လာနိုင်တယ်လို့ OpenAI က သတိပေးထားပါတယ်။ OpenAI ဘက်ကလည်း ဒီလိုဖြစ်ရပ်တွေကို ကာကွယ်မလို့ လုံခြုံရေးစနစ်များစွာကို ထည့်သွင်းပေးထားပါတယ်။

OpenAI ဟာ Internet plugin အပြင် code တွေကို ဘာသာပြန်နိုင်တဲ့ စနစ်ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဥပမာ Python နဲ့ ရေးထားတဲ့ code တွေကို ChatGPT က ဘာသာပြန်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် File Formats တွေကိုလည်း လိုသလို ပြင်ခိုင်းလို့ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ OpenAI ဟာ အကြီးစားပြောင်းလဲမှုနဲ့ Developer တွေအတွက် API စနစ်တွေကို မထည့်သွင်းပေးမှီမှာ အခုလို ပြင်ဆင်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

Exit mobile version