“Sora” လို့အမည်ရတဲ့ OpenAI ရဲ့ text-to-video ကို ဒီနှစ်ကုန်ခါနီးမှာ မြင်တွေ့ရနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာကို စာရိုက်လိုက်ရုံနှင့် 60-seconds စာ video ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ OpenAI ရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ChatGPT က လက်ရှိမှာ လူကြိုက်အများဆုံး product တစ်ခုဖြစ်ပါတယ်။ “Sora” ကတော့ အနာဂတ်မှာ video ဖန်တီးတဲ့လူတွေအတွက် အကောင်းဆုံး editing tool တစ်ခုဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ စက္ကန့် ၆၀စာ video တွေကိုသာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်ချက်အရ result တွေက ကောင်းမွန်နေတာကိုလည်း တွေ့ရှိရပါတယ်။ ထို့အပြင် အသုံးပြုသူတွေအနေနှင့် video တွေကို edit လုပ်ရာမှာ ကိုယ့်စိတ်ကြိုက် လိုအပ်တဲ့အပိုင်းတွေကို edit လုပ်နိုင်မယ်လို့လည်း သိရပါတယ်။ OpenAI ရဲ့ ပြောရေးဆိုခွင့်ရှိသူပြောကြားချက်အရ Sora က ဒီနှစ်ထဲမှာ သေချာပေါက် လူတွေဆီရောက်ရှိလာမယ်လို့ပြောကြားခဲ့ပါတယ်။ Sora ရဲ့ video စမ်းသပ်ချက်နှင့် interview ကိုတော့ Wall Street Journal က မေးမြန်းထားပုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
OpenAI ရဲ့ text-to-video AIကို ဒီနှစ်ကုန်ခါနီးလောက်မှာ မြင်တွေ့ရနိုင်
-
By Win Thet Oo
Related Content
Internet ကို ပြန်လိုချင်တဲ့ Tim Berners-Lee
By
Win Thet Oo
November 20, 2024
တရုတ်နိုင်ငံရဲ့ နည်းပညာ company ကြီးများ Silicon Valley သို့ ခြေဆန့်
By
Win Thet Oo
November 19, 2024
Apple က Smart Home ထုတ်ကုန်အနေဖြင့် AI Wall Tablet ကို ၂၀၂၅ ခုနှစ်၊ မတ်လမှာ ရောင်းချမှာ ဖြစ်ကြောင်းသိရ
By
Khant Zin Aung
November 13, 2024
Microsoft က Windows 10 ကို တစ်နှစ်ပိုပြီး လုံခြုံစွာ အသုံးပြုနိုင်ဖို့ $30 ကောက်ခံမည်
By
Khant Zin Aung
November 13, 2024
OpenAI ရဲ့ Search Engine ကို ChatGPT မှာ အသုံးပြုနိုင်ပြီ
By
Win Thet Oo
November 1, 2024