ChatGPT ကိုတော့ လူတိုင်းသိကြပြီး နေ့စဥ်နှင့်အမျှအသုံးပြုသူအရေအတွက် တိုးတက်လျက်ရှိပါတယ်။ Google တို့လို Search Engine ကို လူတိုင်းအသုံးပြုနေကြပြီး ပြိုင်ဖက်မရှိလောက်အောင် နည်းပါးပါတယ်။ AI ခေတ်မှာတော့ Search Engine အထိပါ AI က အရေးကြီးတဲ့အခန်းနေရာက ပါ၀င်လာပါတယ်။ အရင်ခတ်အခါက တစ်စုံတစ်ခုကို သိချင်လို့ Google မှာရှာကြည့်တဲ့အခါ များစွာသော information တွေက လိုချင်တဲ့အဖြေကို မရရှိတာများပါတယ်။ ယနေ့မှာတော့ OpenAI ရဲ့ Search Engine က တိကျပြီး နောက်ဆုံးပေါ် information အချက်အလက်နှင့် တစ်ဆင့်ချင်းတင်ဆက်ပြနိုင်နေပါပြီ။ ဒီအချက်က Google တို့လို Tech Giant တွေကို မျက်ခုံးလှုပ်သွားစေခဲ့ပါတယ်။ ဥပမာ သင့်အနေနှင့် Apple Stock အကြောင်းကို သိချင်လို့ apple stock လို့ ရှာလိုက်ရုံနှင့် Apple ရဲ့ နောက်ဆုံးပေါ်stock graph ကိုပါ တန်းပြလာပြီး လက်ရှိ update ဖြစ်နေတဲ့ stock ကိုပါ တန်းဖော်ပြပေးပါတယ်။ Sidebar မှာလည်း Apple stock နှင့် သက်ဆိုင်တဲ့ official website link ပါ ပြသပေးပြီး သင့်အနေနှင့် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ပါတယ်။
Google မှာ သင့် website လုပ်ငန်းတွေကို ကြော်ငြာတဲ့အခါ web search မှာ သင့် website ကို တန်းမြင်ရပါတယ်။ ဆိုလိုတာကတော့ သင့်အနေနှင့် အကြာင်းအရာတစ်ခုကို ရှာတဲ့အခါ Google မှာ ကြောငြာထားတဲ့ လုပ်ငန်းရဲ့ result က သင်ရှာတဲ့အကြောင်းအရာနှင့် သက်ဆိုင်တဲ့အခါ အရင်ဆုံးပေါ်လာမှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအတွက် ဒီအချက်က အသုံး၀င်မှလည်း ၀င်နိုင်ပါတယ်။ OpenAI Search Engine ကတော့ result တွေကို နောက်ဆုံး update information တွေပဲ ပြသတာကြောင့် လူတိုင်းအတွက် အသုံး၀င်ပါတယ်။ လက်ရှိမှာ ChatGPT ကို subscription နှင့် ၀ယ်ယူထားတဲ့ လူတိုင်း search engine feature ကို ChatGPT မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အမေရိကန်ရွေးကောက်ပွဲက နီးလာပြီး OpenAI search engine က ဘယ်လောက်ထိ အရေးပါပြီး အကျိုးပြုနိုင်မလဲဆိုတာလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘယ်ပြည်နယ်မှာ ဘယ်လောက်ထိ ဘယ်သူ့ကို မဲပေးကြပြီး ဘယ်နေ့က ဘယ် သမ္မတလောင်းက ဘာတွေလုပ်သွားလဲဆိုတာ ChatGPT မှာ စာလုံးလေးရိုက်လိုက်ရုံဖြင့် နောက်ဆုံး update information ကို သိနိုင်မှာ ဖြစ်ပါတယ်။