OpenAI ရဲ့ Board အဖွဲ့ဝင်အဖြစ် Apple မှ ပါဝင်လာ

မကြာသေးမီကမှ Apple မှ OpenAI နှင့် တရားဝင်လက်တွဲခဲ့ကြောင်း Apple Intelligence မှာပြောကြားခဲ့တာ လူအများသိကြပြီးဖြစ်ပါတယ်။ ယနေ့မှာတော့ Apple က App Store ဌာနမှတာဝန်ရှိသူအကြီးဆုံးဖြစ်တဲ့ Phil Schiller ကို OpenAI ရဲ့ Board အဖွဲ့ဝင်တစ်ယောက်အနေနှင့် meetings တိုင်းကို တက်ရောက်မှုတေ စေလွှတ်တယ်လို့ သိရပါတယ်။ OpenAI က Apple နှင့် လက်တွဲလုပ်ကိုင်တဲ့ company တစ်ခုဖြစ်တာကြောင့် Board member အနေနှင့် လက်ခံပြီး meeting တိုင်းမှာ ပါဝင်တက်ရောက်မှု ခွင့်ပြုထားပါတယ်။ တစ်နည်းအားဖြင့် Nonprofit Board လို့လည်း အမည်ပေးထားပါတယ်။

App Store ရဲ့ အကြီးအကဲဖြစ်တဲ့ Phil Schiller ကို iPhone မိတ်ဆက်ပွဲတစ်ခုတွင် တွေ့ရစဉ်

Meeting ကို Schiller တက်ရောက်ခြင်းအားဖြင့် OpenAI ရဲ့ အနာဂတ် plan နှင့် Apple တို့လက်တွဲလုပ်ကိုင်မယ့် အရာတွေကိုကောင်းစွာ သိမြင်နိုင်မှာဖြစ်ပါတယ်။ ဒီနှစ်အကုန်မှာတော့ ChatGPT ကို MacOS မှာ ထည့်သွင်းထားမယ်လို့လည်း သိရပါတယ်။ Partner လုပ်တဲ့နေရာမှာ နှစ်ဖက်အတွင်း အကျိုးအမြတ်ငွေကြေးတစ်စုံတစ်ရာမပါပဲ လက်တွဲလုပ်တာဖြစ်တယ်လို့လည်း Bloomberg က တစ်ဆင့် သိရှိရပါတယ်။ Phil Schiller က​ meeting တွေကို တက်ရောက်နိုင်ပေမယ့် vote ပေးခြင်း၊ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်စွက်ဖက်နိုင်တာမျိုးတွေတော့ မလုပ်နိုင်ပါဘူး။ လွန်ခဲ့တဲ့နှစ်ကလည်း Microsoft ကလည်း OpenAI ရဲ့ board meeting တွေကို တက်ရောက်ခြင်း ခွင့်ပြုထားခဲ့ပါတယ်။ Bloomberg media ရဲ့ ပြောကြားချက်အရ အခြားသော နည်းပညာ companies တွေက Board meetings တွေကို တက်ရောက်တာ များပေမယ့် Apple အနေနှင့် အခြားသော နည်းပညာ company တစ်ခုကို တက်ရောက်ခြင်းကတော့ ယခုမှ ပထမဦးဆုံးအကြိမ်ရှိတယ်လို့လည်း ဆိုပါတယ်။

Exit mobile version