OpenAI နှင့် နည်းပညာ companies တော်တော်များများလက်တွဲကြတဲ့သတင်းက မမြင်ရသလောက် မရှိအောင်တွေ့နေရပါပြီ။ အင်တာနက်တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တဲ့ Google က OpenAI ရဲ့ ပြိုင်ဖက်တွေထဲက တစ်ယောက်ဖြစ်ပြီး ယခုချိန်မှာတော့ သူ့ရဲ့ ပါတနာတော်တော်များများကို OpenAI က လက်တွဲလာနိုင်ပြီ ဖြစ်ပါတယ်။ SearchGPT က Google ရဲ့ အကြီးမားဆုံးပြိုင်ဖက်လည်း ဖြစ်လာနေပြီး ဖုန်း companies တော်တော်များများကလည်း OpenAI နှင့် လက်တွဲလာကြပြီ ဖြစ်ပါတယ်။
OpenAI ရဲ့ ပြိင်ဖက်အပေါ်ချဥ်းကပ်နည်းက တိုက်ရိုက်ချဥ်းကပ်တာမျိုးမဟုတ်ပဲ ပြိုင်ဖက်ရဲ့ ပါတနာတွေနှင့် လက်တွဲတာဖြစ်ပါတယ်။ ပါတနာတွေများလာတဲ့အခါ OpenAI က သူ့ရဲ့ နယ်ပယ်ထဲမှာ အကြီးဆုံးအလိုအလျောက်ဖြစ်သွားပါတယ်။ ယခု လူအသုံးများတဲ့ Brand ၂ခု ဖြစ်တဲ့ Apple နှင့် Samsaung တို့ကို လက်တွဲထားခြင်းဖြင့် အလိုအလျောက် အင်အားကြီး brand တစ်ခု ဖြစ်သွားနိုင်ပါတယ်။ လက်ရှိမှာတော့ တရား၀င်လက်တွဲမယ်ဆိုတဲ့ သတင်းတွေထွက်နေကြပြီး အတည်တော့မပြုသေးပါဘူး။ Google ဖက်ကတော့ ဒီသတင်းနှင့် ပတ်သက်ပြီး စောင့်ကြည့်နေရတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။ အကယ်၍ OpenAI သာ Samsaung လို company နှင့် လက်တွဲခဲ့ရင်တော့ AI လောကမှာ လက်၀ါးကြီးအုပ်နိုင်မှာတော့ အသေချာ ဖြစ်သွားနိုင်ပါတယ်။