OpenAI က သတင်းအချက်အလက်များကို real time အချိန်မီရယူနိုင်မည့် SearchGPT ကို စမ်းသပ်နေ

OpenAI က အင်တာနက်ပေါ်က သတင်းအချက်အလက်များကို real time အချိန်မီရယူနိုင်မယ့် A.I.-Powered Search Engine တစ်ခုကို စမ်းသပ်နေတာ ဖြစ်ကြောင်း သိရပါတယ်။

OpenAI က သတင်းအချက်အလက်များကို real time အချိန်မီရယူနိုင်မည့် SearchGPT ကို စမ်းသပ်နေ

အဆိုပါ Search Engine ကို “SearchGPT” လို့ အမည်ပေးထားတာ ဖြစ်ပြီး Google Chrome နဲ့ Microsoft Edge တို့နဲ့ အပြိုင်ဖြစ်လာမှာ ဖြစ်တယ်လို့သိရပါတယ်။ OpenAI ကတော့ သူတို့ရဲ့ SearchGPT ဟာ “ဝက်ဘ်ပေါ်မှာ အဖြေရှာဖို့ အချိန်မကုန်သလို လိုချင်တဲ့ အကြောင်းအရာကိုထိရောက်ပြီး ရှာဖွေရတာ ပိုမိုလွယ်ကူမှာ ဖြစ်တယ်လို့” ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဥပမာကိုပြောရရင် လာမယ့် ပဲရစ်အိုလံပစ်ပွဲရဲ့ အစချိန်ကို မေးလိုက်ရင် SearchGPT က ပွဲစမယ့်ရက်ကို ပြောပြပြီး အဆိုပါအကြောင်းအရာနဲ့ သက်ဆိုင်တဲ့သတင်းဆောင်းပါးများကို ချိတ်ပေးနိုင်မှာ ဖြစ်ပြီး တိကျတဲ့ အဖြေကို မြန်ဆန်စွာ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version