“Sora” လို့အမည်ရတဲ့ OpenAI ရဲ့ text-to-video ကို ဒီနှစ်ကုန်ခါနီးမှာ မြင်တွေ့ရနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာကို စာရိုက်လိုက်ရုံနှင့် 60-seconds စာ video ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ OpenAI ရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ChatGPT က လက်ရှိမှာ လူကြိုက်အများဆုံး product တစ်ခုဖြစ်ပါတယ်။ “Sora” ကတော့ အနာဂတ်မှာ video ဖန်တီးတဲ့လူတွေအတွက် အကောင်းဆုံး editing tool တစ်ခုဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ စက္ကန့် ၆၀စာ video တွေကိုသာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်ချက်အရ result တွေက ကောင်းမွန်နေတာကိုလည်း တွေ့ရှိရပါတယ်။ ထို့အပြင် အသုံးပြုသူတွေအနေနှင့် video တွေကို edit လုပ်ရာမှာ ကိုယ့်စိတ်ကြိုက် လိုအပ်တဲ့အပိုင်းတွေကို edit လုပ်နိုင်မယ်လို့လည်း သိရပါတယ်။ OpenAI ရဲ့ ပြောရေးဆိုခွင့်ရှိသူပြောကြားချက်အရ Sora က ဒီနှစ်ထဲမှာ သေချာပေါက် လူတွေဆီရောက်ရှိလာမယ်လို့ပြောကြားခဲ့ပါတယ်။ Sora ရဲ့ video စမ်းသပ်ချက်နှင့် interview ကိုတော့ Wall Street Journal က မေးမြန်းထားပုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
OpenAI ရဲ့ text-to-video AIကို ဒီနှစ်ကုန်ခါနီးလောက်မှာ မြင်တွေ့ရနိုင်
-
By Win Thet Oo

Related Content
မကြာခင် Official ရောက်ရှိလာတော့မှာ ဖြစ်တဲ့ iOS 26 Update
By
Khant Zin Aung
September 15, 2025
Sound Quality ကိုအမြင့်ဆုံး နားဆင်နိုင်မယ့် Spotify ရဲ့ Lossless Feature အသစ်
By
Khant Zin Aung
September 13, 2025
ပိုကောင်းလာတဲ့ ANC၊ Live Translation နဲ့ Heart-Rate Sensor အသစ် ပါဝင်လာမယ့် AirPods Pro 3
By
Khant Zin Aung
September 11, 2025
ဒုတိယအခွင့်အရေးကို ပြန်တောင်းလိုက်တဲ့ Rabbit R1 - RabbitOS 2 Update အသစ်ရောက်ရှိ
By
Khant Zin Aung
September 9, 2025
Google Photos မှာ ဓာတ်ပုံတွေကို Video အဖြစ်ပြောင်းပေးတဲ့ Feature ကို Veo 3 AI နဲ့ အဆင့်မြှင့်တင်
By
Khant Zin Aung
September 5, 2025