Nvidia Company ရဲ့ ခြေလှမ်းသစ်တွေနှင့် တိုးတက်ပြောင်းလဲလာမည့် AI ခေတ်

Nvidia Company က ကမ္ဘာပေါ်မှာ အကောင်းဆုံးနှင့်အမြန်ဆုံး chipset တွေထုတ်လုပ်ပေးတဲ့ company တစ်ခုဖြစ်ပါတယ်။ Gamers တွေနှင့် crypto mining လုပ်တဲ့လူတွေကြားမှာ ​Nvidia ဆိုတာကတော့ မထူးဆန်းတော့ပါဘူး။ သူ့ရဲ့ကောင်းမွန်တဲ့ chipset တွေကြောင့် လက်ရှိနည်းပညာ company ကြီးတွေဖြစ်တဲ့ Apple, Microsoft နှစ်ခုပြီးရင် တတိယ တန်ဖိုးအကြီးဆုံးနည်းပညာ company အဖြစ်ရပ်တည်နေပါတယ်။​ Nvidia က လက်ရှိနည်းပညာ company တွေမှာ အသုံးပြုတဲ့ chipset အများစုကို ထုတ်လုပ်ပေးတဲ့ company တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာ Nvidia ရဲ့ပြောကြားချက်အရ ငွေကြေးအမြောက်အများကို startups အများစုမှာ ရင်းနှီးမြှုပ်နှံထားပြီး တိုးတက်လာမယ့် AI ခေတ်အတွက်အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ AI နည်းပညာမှာလည်း အဆင်သင့် ပြင်ဆင်ထားတယ်လို့ Nvidia က ပြောကြားခဲ့ပါတယ်။

Nvidia Company ရဲ့ ခြေလှမ်းသစ်တွေနှင့် တိုးတက်ပြောင်းလဲလာမည့် AI ခေတ် 1

Nvidia ရဲ့ Ecosystem

Nvidia က software တွေကို develop လုပ်တဲ့အပြင် ကျန်းမာရေးနယ်ပယ်ထဲမှာပါ ခြေလှမ်းလှမ်းဖို့ စိတ်ဝင်စားနေပါတယ်။ မေလထဲမှာ ကျန်းမာရေးနှင့် စောင့်ရှောက်ရေး company တစ်ခုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ သဘောတူညီချက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ထို့အပြင် အခြားနည်းပညာ company တွေမှာလည်း AI ကို အသုံးပြုဖို့နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် Nvidia ဖက်မှ ကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဂျာနယ်လစ်တွေမေးမြန်းချက်မှာတော့ ပြန်ဖြေကြားချက်မျိုးမရှိခဲ့ပါဘူး။ အဓိကဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ များများရင်းနှီးမြှုပ်နှံမှုလုပ်လေ အနာဂတ်မှာလိုအပ်လာမယ့် AI လိုအပ်ချက်အတွက် Nvidia ရဲ့ chipset တွေကို company တွေက လိုအပ်လာမှာ ဖြစ်ပါတယ်။

Nvidia ရဲ့ CEO ဖြစ်တဲ့ Jensen Huang က တိုးတက်လာမယ့် AI ခေတ်ကို အခုလို ထောက်ပြခဲ့ပါတယ်။ လက်ရှိ Biology companies, ကျန်းမာရေးနှင့် စောင့်ရှောက်ရေး companies, AI developer companies, car companies တွေနှင့် robotic companies တွေက Nvidia ရဲ့ chipset တွေအပေါ် မှီခိုအားထားနေရပြီး တစ်နေ့မှာ ဒီထက်ပိုကောင်းမွန်တဲ့ platform ကို အားလုံးအတွက် ရည်ရွယ်ပြီး တည်ဆောက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အကယ်၍ Nvidia chipset အပေါ် နည်းပညာ company တွေက ဆက်လက်မှီခိုအားထားသွားမယ်ဆိုရင်တော့ Nvidia ရဲ့ ecosystem ကြီးတစ်ခု မကြာခင်ဖြစ်လာပါလိမ့်မယ်။

Exit mobile version