Nvidia chipset တွေကို စိန်ခေါ်ဖို့ Huawei က မကြာခင် AI chipset တွေထုတ်လုပ်မည်

Huawei က တရုတ်နိုင်ငံရဲ့ နည်းပညာနယ်ပယ်ထဲက​ အရေးပါတဲ့ company တစ်ခုဖြစ်ပြီး မကြာသေးတဲ့နှစ်ပိုင်းမှ အမေရိကန်နိုင်ငံနှင့် မတည့်တဲ့သမိုင်းကြောင်းလည်း ရှိခဲ့ပါတယ်။ Nvidia chipset တွေက AI လောကမှာ ပြိုင်ဖက်မရှိတဲ့ တစ်ခုတည်းသော​ company တစ်ခုဖြစ်ပြီး Huawei က မကြာခင် Nvidia Chipset တွေကို ယှဉ်ပြိုင်နိုင်တဲ့ chips တွေကို ထုတ်လုပ်တော့မှာလို့ သိရပါတယ်။

Nvidia chipset တွေကို စိန်ခေါ်ဖို့ Huawei က မကြာခင် AI chipset တွေထုတ်လုပ်မည် 1

၂၀၂၂ ခုနှစ်က US ရဲ့ ဥပဒေအရ Nvidia chips တွေကို တရုတ်နိုင်ငံကို ရောင်းချခွင့်တားမြစ်ထားပါတယ်။ နိုင်ငံရေးအရ ကန့်သတ်ထားတဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ Huawei ရဲ့ အဓိက customer တွေဖြစ်တဲ့ TikTok, Baidu နှင့် China Mobile ကတော့ Huawei ရဲ့Ascend 910C chip ကို စမ်းသပ်ပြီးကြပြီ ဖြစ်ပါတယ်။ Huawei ကတော့ chips ထုတ်လုပ်မှုတွေကြန့်ကြာနေပြီး အမေရိကန်ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ အမေရိကန်ရဲ့ နောက်ဆုံးပေါ်နည်းပညာကို ယှဉ်ပြိုင်နိုင်ဖို့​အတွက် နောက်ဆုံးပေါ် နည်းပညာကို ချပြဖို့က Huawei နှင့် တရုတ်နိုင်ငံအတွက် အရေးပါလွန်းနေပါတယ်။ Apple က smartphone လောကမှာ နေရာတစ်ခုရထားပေမယ့် တရုတ်နိုင်ငံမှာတော့ Huawei ဖုန်းတွေက iPhone တွေမှာပါတဲ့ အရာတွေထက် ကျော်လွန်ပြီး ကင်မရာအကောင်းစားနှင့် AI features အလန်းစားတွေကြောင့် တရုတ်နိုင်ငံရဲ့နည်းပညာလောကမှာ အကောင်းဆုံးနေရာကို အစဉ်မြဲနေရာယူထားနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က စခဲ့တဲ့ တရုတ်နှင့် အမေရိကန်ကုန်သွယ်ရေးစစ်ပွဲတွေကြားမှာ Huawei က ဓါးစာခံဖြစ်ခဲ့ရပြီး အမေရိကန်အစိုးရက Huawei ကို blacklist စာရင်းထဲထည့်ခဲ့ပြီး တရုတ်အစိုးရဘက်ကလည်း အမေရိကန်ကို ပစ္စည်းတင်ပို့ခွင့် ပိတ်ပင်ခဲ့ပါတယ်။​ အစဉ်အလာကောင်းခဲ့တဲ့ Huawei ပစ္စည်းတွေထဲမှာ AI chips တွေက​ Nvidia chips တွေကို ယှဉ်ပြိုင်နိုင်မလားဆိုတာတော့ အားလုံးကစောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

Exit mobile version