Nvidia AI chips တွေကို ယှဉ်ပြိုင်မည့် အနာဂတ် company တစ်ခုဖြစ်တဲ့ Etched

လက်ရှိမှာ Nvidia က chip companies တွေထဲမှာ အကြီးဆုံးဖြစ်ပြီး market share လည်း ၈၀% ကျော်ကို သိမ်းပိုက်ထားတဲ့ company တစ်ခု ဖြစ်ပါတယ်။ အခုဖော်ပြမယ့် company ကတော့ သက်တမ်းအားဖြင့် ၂ နှစ်ခန့်သာရှိပြီး Harvard ကျောင်းသားတွေ တည်ထောင်ထားတဲ့ company တစ်ခု ဖြစ်ပါတယ်။

အဓိက Nvidia နှင့်ပြိုင်မည့်အချက်ကတော့ Nvidia လိုမျိုးပဲ GPU ကို ကောင်းမွန်အောင်လုပ်ထားပြီး စျေးနှုန်းနည်းအောင်ရော စွမ်းဆောင်ပိုင်းမှာရော သာလွန်အောင်ကြိုးစားထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာ investors တွေအနေနှင့် ကန်ဒေါ်လာ ၁၂၀ မီလီယံကျော် ရင်းနှီးမြှုပ်နှံထားမှု ရပြီဟုလည်း ဆိုထားပါတယ်။ Harvard University ကို ဆက်မတက်တော့ပဲ နည်းပညာ company တစ်ခုကို တည်ထောင်ထားတဲ့ လူငယ်သုံးယောက်နာမည်က Robert Wachen, Gavin Uberti နှင့် Chris Zhu တို့ပဲ ဖြစ်ပါတယ်။ Nvidia ရဲ့ အောင်မြင်မှုကြောင့် chip companies တော်တော်များများက အနောက်က လိုက်လာကြတာကိုလည်း တွေ့ရပါတယ်။ ကြီးမားတဲ့အခွင့်အလန်းတွေနှင့်အတူ AI အနာဂတ်ကို ဖော်ဆောင်ရာမှာ chip companies တွေများစွာ ပေါ်ပေါက်လာပြီး ဆုံးရှုံးမှုလည်း များသလို အောင်မြင်ဖို့လည်း များတဲ့အနေအထားဖြစ်လာပါတယ်။ လက်ရှိမှာ Etched အတွက် ကန်ဒေါ်လာ ၁၂၀ မီလီယံက အရမ်းများတဲ့ ပမာဏဖြစ်နေပေမယ့် Nvidia အတွက်တော့ နေ့ဝက်နဲ့တင် ရှာလို့ရပါတယ်။ ထို့အပြင် နှစ်စဥ် Nvidia ရဲ့ ရောင်းအားက နှစ်စဉ် ၃ဆကျော် မြင့်တက်နေပါတယ်။

Nvidia AI chips တွေကို ယှဉ်ပြိုင်မည့် အနာဂတ် company တစ်ခုဖြစ်တဲ့ Etched 1

Uberti နှင့် Chris Zhu က ပထမမှာ chip companies တွေမှာ အလုပ်သင်အနေနှင့် လုပ်ကိုင်နေကြပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ Harvard က ထွက်ပြီး Wachen ကိုပါ သူတို့ရဲ့ company အတွက်ခေါ်ဆောင်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ chip industry မှာ ကျွမ်းကျင်စွာလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကို ခေါ်ဆောင်ပြီး company စတင်ထူထောင်ကြပါတယ်။ လက်ရှိမှာ ဝန်ထမ်းပေါင်း ၃၅ ယောက်ရှိပြီး company ကို စတင် run နေကြပါပြီ။ ChatGPT ပေါ်လာပြီးနောက်ပိုင်းမှာ AI အတွက် လိုအပ်တဲ့ chips တွေကို လိုချင်တဲ့ စျေးကွက်က တစ်ဟုန်ထိုးကြီးလာပါတယ်။ Etched company ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ product ကို ဒီနှစ်ကုန်နောက်ပိုင်းမှာ မိတ်ဆက်မယ်လို့ ကြေငြာခဲ့ပါတယ်။ Company အနေနှင့် ဒီထက်လိုအပ်တဲ့ ငွေအမြောက်အများ လိုအပ်နေပြီး တစ်ချိန်တည်းမှာ chips ကုန်ကြမ်းတွေကို ထုတ်ပေးနိုင်တဲ့ နိုင်ငံတွေနှင့်လည်း ချိတ်ဆက်မှု များစွာလိုအပ်ပါတယ်။ Chipset နာမည်ကိုတော့ Sohu လို့ အမည်ပေးထားပြီး အခြား chipset တွေထက် memory space ကို နည်းနည်းနှင့် အသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ Etched ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ chipset တွေက Nvidia ထက် ၁၀ဆ မြန်ဆန်ပြီး power လည်း အများကြီးမသုံးထားကြောင်း ပြောဆိုခဲံပါတယ်။ မကြာမီ လပိုင်းအတွင်းမှာတော့ Etched ရဲ့ Sohu chip က တစ်ကယ်တမ်းကောင်းမွန်လား အောင်မြင်မှု ရနိုင်မလားဆိုတတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version