Nvidia က ဘယ်လို တန်ဖိုးအကြီးဆုံး company ဖြစ်လာတာလဲ

နည်းပညာ companies တွေထဲမှာ Google, Microsoft, Apple တို့လို companies တွေက လူတွေရဲ့ နေ့စဉ်ဘ၀မှာ မရှိမဖြစ်ပါနေရတဲ့ company တွေဖြစ်ပေမယ့် ယနေ့မှာတော့ Nvidia company ရဲ့ အနောက်မှာ ကျန်ခဲ့ပါပြီ။ Nvidia က Public company တွေထဲမှာ တန်ဖိုးအကြီးမားဆုံးcompany တစ်ခုအဖြစ်ရပ်တည်နေပြီး မည်သည့် company မှ မလိုက်နိုင်တော့ပါဘူး။

နည်းပညာနှင့် ပတ်သက်တဲ့ Device တွေအားလုံးမှာ အဓိကလိုအပ်တဲ့ ဦးနှောက်လို့ခေါ်တဲ့ Chipset က အဓိကကျပြီး Nvidia က ယနေ့နှင့် အနာဂတ်မှာ လိုအပ်လာမယ့် AI တွေကို ကိုင်တွယ်နိုင်တဲ့ chipset တွေကို အများဆုံး ထုတ်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော company အဖြစ်ရပ်တည်နေပါတယ်။ ထိုအကြောင်းကြောင့်လည်း Nvidia က ကမ္ဘာမှာ တန်ဖိုးအရှိဆုံး company တစ်ခုဖြစ်လာခဲ့ပါတယ်။ Nvidia ကို လူအများစုသိကြတာက Gaming chipset တွေထုတ်လုပ်ပေးတဲ့ company အဖြစ်လူအများက သိထားကြပါတယ်။ Gaming chipset မှတစ်ဆင့် အနာဂတ်မှာ ထွက်ရှိလာမယ့် AI device တွေကို ကိုင်တွယ်ပေးနိုင်မယ့် chipset တွေကို ထုတ်လုပ်လာနိုင်အောင် ပြောင်းလဲလာခဲ့ပါတယ်။ ယခုအချိန်မှာ အရမ်း powerful ဖြစ်တဲ့ chipset တွေက AI features တွေကို ကိုင်တွယ်ပေးနိုင်ဖို့ အသင့်ရှိနေပြီးသား ဖြစ်ပါတယ်။

Video Games တွေက အစပျိုးတဲ့ အဆင့်သာ ဖြစ်ပါတယ်

Nvidia က ဘယ်လို တန်ဖိုးအကြီးဆုံး company ဖြစ်လာတာလဲ 1

Artificial Intelligence တွေမပေါ်ခင် Gaming Industry အတွက် အရမ်းကောင်းတဲ့ chipset တွေကို စတင်ထုတ်လုပ်ခဲ့တဲ့ company အဖြစ် Nvidia က နည်းပညာနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃၁ နှစ်ခန့်က စားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးသမားလေးတစ်ယောက်ဖြစ်တဲ့ Jensen Huang က Nvidia ကို စတင်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်က ကွန်ပျူတာတွေကို စွမ်းရည်မြင့်မားအောင် Graphic ပိုင်းတွေအတွက် အာရုံစိုက်ပြီး GPU chips တွေ စတင်ထုတ်လုပ်ခဲ့ပါတယ်။ GPU တွေက gaming လောကကို level တစ်ခုရောက်တဲ့အထိ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနှင့် developers တွေအတွက် Hardware မှာတင် run နိုင်တဲ့ programming language တစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်။​ ၂၀၁၂ ခုနှစ်မှာတော့ chips တွေက power အရမ်းမြင့်တဲ့ game တွေအပြင် Artificial Intelligence applications တွေပါ ကိုင်တွယ်လာနိုင်ပါတယ်။ ထိုအချိန်ထိ အသုံးပြုသူအချို့နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့လူတွေကြားမှာတင် Nvidia က​ အောင်မြင်မှုကို ထိန်းသိမ်းထားခဲ့ပြီး လူတိုင်းစိတ်ဝင်စားမှု သိပ်မရှိခဲ့ပါဘူး။ ၂၀၂၂ နိုဝင်ဘာလမှာတော့ OpenAI မှ ChatGPT ကိုမိတ်ဆက်ခဲ့ပါတယ်။ လူတွေက AI ရဲ့ လုပ်ဆောင်နိုင်ပုံတွေကို အံ့အားသင့်လာကြပြီး AI နောက်ကို တောက်လျှောက်လိုက်လာကြပါတယ်။ Silicon Valley နှင့် Wall Street တစ်ခွင်မှာ ရိုက်ခတ်သွားလောက်တဲ့အထိ AI နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာကြပါတယ်။

Nvidia ကို အဓိက လိုအပ်လာကြတဲ့ အကြောင်းရင်း

ဥပမာ အနေနှင့် ပြောရမယ်ဆိုရင် လူအများစုက အလုပ်ကိုသမရိုးကျ Bus နှင့် ရထားကို အသုံးပြုပြီးသွားနေကြရာမှ စက်ဘီးဆိုတာ ပေါ်လာခဲ့ပါတယ်။ စက်ဘီးကိုအသုံးပြုတဲ့အခါ လိုရာခရီးကို အများနှင့်အတူတူသွားစရာမလိုပဲ စိတ်တိုင်းကျ မောင်းလို့ရနိုင်ပါတယ်။ ဒါကြောင့် လူတွေက စက်ဘီးတွေကို ဝယ်ယူဖို့ကြိုးစားကြပါတယ်။ စက်ဘီးကိုလိုအပ်တဲ့ စျေးကွက်က ကြီးမားလာပြီး အဓိကကျတဲ့ စတီးကို လိုအပ်လာပါတယ်။​ Nvidia က စက်ဘီးစျေးကွက်မှာ Steel လိုမျိုး AI လောကမှာ ရပ်တည်နေပါတယ်။ OpenAI ရဲ့ အောင်မြင်မှုကြီးက AI ကို လူတွေအသုံးပြုဖို့အတွက် ဆာလောင်မှုတစ်ခုကို သွတ်သွင်းနိုင်စေခဲ့ပါတယ်။ AI မပါရင် အလုပ်မဖြစ်နိုင်လောက်တော့တဲ့အထိ company တိုင်းက AI ကို လိုအပ်လာကြပါတယ်။

Nvidia က ဘယ်လို တန်ဖိုးအကြီးဆုံး company ဖြစ်လာတာလဲ 2

Nvidia အတွက်တော့ Demand က ဇယားကွက်ထဲမှာ ရာခိုင်နှုန်းအနေနှင့် ပြမယ်ဆိုရင် ရာခိုင်နှုန်း ထောင်ဂဏန်းကျော်သွားခဲ့ပါတယ်။ ထို့အပြင် company ရဲ့ တန်ဖိုးကလည်း အဆပေါင်းအဖြစ်ပြောမယ်ဆိုရင် ၆၀၀ကျော် ရာခိုင်နှုန်းကို ထောင်တက်သွားခဲ့ပါတယ်။ မကြာတဲ့ အချိန်ခဏလေးအတွင်းမှာ company ရဲ့ တန်ဖိုးက အကြီးဆုံးဖြစ်လာခဲ့ပါတယ်။ Meta, Google, Microsoft နှင့် Apple တို့လို company ကြီးတွေတောင် Nvidia ကို အားကိုးလာရပါတယ်။ ကုန်ချောမထွက်ခင် အဓိကလိုအပ်တဲ့ ကုန်ကြမ်း company က Nvidia အဖြစ်ရပ်တည်နေပြီး ယနေ့အချိန်ထိ ပြိုင်ဖက်လည်းနည်းလွန်းတာကြောင့် တန်ဖိုးအကြီးဆုံး company အဖြစ်ရပ်တည်နေပါတယ်။

Exit mobile version