Windows 11 မှာ Microsoft ရဲ့ Windows Copilot ကို စမ်းသပ်အသုံးပြုနိုင်ပြီ

Microsoft ဟာ Windows Copilot ကို ဇွန်လထဲမှာ စမ်းသပ်အသုံးပြုခွင့်ပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း Windows Copilots ကို Windows 11 မှာ စမ်းသပ်အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

Microsoft ဟာ Windows Copilot နဲ့အတူ Build-In RAR နဲ့ Zip Files တွေအပြင် အခြား Files တွေကို ဖတ်နိုင်မယ့် Features ၊ Home Page Setting အသစ်နဲ့ ပိုမိုကောင်းမွန်တဲ့ Volume Mixer တို့ကိုပါ ထည့်သွင်းပေးထားကြောင်း သိရပါတယ်။ Windows Copilot ကို အသုံးပြုရလွယ်ကူဖို့ Sidebar နေရာမှာ ထည့်သွင်းပေးထားပြီး Windows ပေါ်ရှိ အရာတွေကိုလည်း အသုံးပြုနိုင်အောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့် အလုပ်တစ်ခုခု လုပ်နေရင်းနဲ့ AI ကိုပါ အသုံးပြုချင်သူတွေအတွက် အရမ်းကိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ပြောပြမှုအရ လက်ရှိ ထည့်သွင်းပေးလိုက်တဲ့ Copilot ဟာ စမ်းသပ်ဖို့ဖြစ်တာကြောင့် Bing Chatbot လိုမျိုး အရာအားလုံးကို ခိုင်းနိုင်မှာ မဟုတ်သေးပဲ Windows Setting နဲ့ ပတ်သက်တာတွေကိုသာ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Windows 11 မှာ RAR နဲ့ Zip Files တွေအပြင် Tar ၊ Gz အစရှိတဲ့ Files အမျိုးအစား တော်တော်များများကို Build-In အနေနဲ့ ဖတ်နိုင်ပြီဖြစ်ကာ နောက်ပိုင်းမှာတော့ ၎င်း Files တွေကို ဖန်တီးနိုင်တဲ့အထိ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ နောက်ထပ်တစ်ခုကတော့ အဆင့်မြှင့်ထားတဲ့ Volume Mixer စနစ်ဖြစ်ပါတယ်။ Windows 11 မှာ Volume Mixer ရဲ့ UI အပိုင်းတွေအပြင် Setting ပိုင်းတွေကိုပါ အဆင့်မြှင့်တင်ပေးထားတာ တွေ့ရပြီး နောက်ထပ် Keyboard Shortcut အသစ်ဖြစ်တဲ့ (WIN + CTRL + V) ကို နှိပ်လိုက်ရင် Volume Mixer ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Windows 11 ရဲ့ Home Page Setting ဟာ အရမ်းကို ရှုပ်ထွေးပြီး အသုံးပြုသူတွေအတွက် အဆင်မပြေခဲ့ပေမယ့် အခုတော့ Microsoft က ပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ Windows 11 Home Page Setting အသစ်မှာ အချက်အလက် (၇) ခုသာ တွေ့ရတော့မှာ ဖြစ်ပြီး အဲတာတွေကတော့ Microsoft 365 ရဲ့ အချက်အလက်များ ၊ Xbox Subscriptions ၊ Bluetooth Devices ထိန်းချုပ်မှု ၊ Wallpaper ပြောင်းလဲခြင်း နဲ့ OneDrive Cloud Storage ကြည့်ရှုနိုင်မယ့်နေရာ အစရှိတာတွေပဲ ဖြစ်ပါတယ်။

အထပ်မှာ ပြောပြခဲ့တာတွေက အခုလက်ရှိ Windows 11 အတွက် Microsoft က ထုတ်ပေးလိုက်တဲ့ Features တွေဖြစ်ပြီး Windows Copilot ကတော့ စမ်းသပ်ကာလဖြစ်တာကြောင့် နောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်လာမှာ ဖြစ်သလို Microsoft ရဲ့ ပြောပြထားမှုအရ Windows Copilot ကို အသုံးပြုရင် ကြော်ငြာ ကြည့်ရမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version