Nothing ကတော့ သူတို့ရဲ့ ဖုန်းကျောဘက် Iconic ဖြစ်တဲ့ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းကို ပြောင်းလဲ လိုက်ပြီး အလူမီနီယမ်ကိုယ်ထည်နဲ့ Nothing Phone 4a Pro အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒါပေမယ့် သူတို့ရဲ့ အဓိကဆွဲဆောင်မှုဖြစ်တဲ့ အကြည်ဒီဇိုင်းကိုတော့ အကြီးကြီးနဲ့ထင်းထင်းကြီးဖြစ်နေတဲ့ ကင်မရာ module မှာတော့ ချန်ထားပေးပါသေးတယ်။
ဒီဖုန်းရဲ့ အဓိကဆွဲဆောင်မှုကတော့ “Pro 3 Camera System” ပါပဲ။ Main camera က 50MP Sony sensor သုံးထားပြီး၊ 50MP periscope telephoto ကင်မရာအသစ်က 140x digital zoom အထိ ဆွဲနိုင်ပါတယ်။ ဒါပေမယ့် 8MP ultra-wide ကတော့ နည်းနည်းအားနည်းသွားမလားလို့ ထင်ရပါတယ်။ ရှေ့ကင်မရာကတော့ 32MP ပါ။ ကင်မရာတင်မဟုတ်ဘဲ software ပိုင်းမှာလည်း TrueLens Engine 4, AI Photo Eraser တို့လို feature တွေပါဝင်လာပြီး 4K Ultra XDR video တွေကိုလည်း ရိုက်ကူးနိုင်မှာပါ။

ဒီဇိုင်းပိုင်းမှာတော့ အရင်လို ဖုန်းကျောဘက်တစ်ခုလုံး အကြည်မဟုတ်တော့ဘဲ အလူမီနီယမ်ကိုယ်ထည်ဖြစ်သွားပြီး Glyph မီးလုံးတွေကိုတော့ ကင်မရာ module ဆီကို ရွှေ့လိုက်ပါတယ်။ 7.95mm ပဲထူတဲ့ ပါးလွှာတဲ့ဒီဇိုင်းဖြစ်ပြီး Snapdragon 7 Gen 4 chip ကိုသုံးထားပါတယ်။ ရှေ့ဘက်မှာတော့ 6.83-inch 1.5K AMOLED display အသစ်က 144Hz refresh rate နဲ့ 5,000-nit peak brightness အထိ ရရှိနိုင်လို့ တော်တော်လေးကို အထင်ကြီးစရာကောင်းပါတယ်။
Nothing Phone 4a Pro ကို မတ်လ ၁၃ ရက်နေ့မှာ preorder စတင်မှာယူနိုင်ပြီး မတ်လ ၂၇ ရက်နေ့မှာ တရားဝင်ရောင်းချသွားမှာပါ။ ဈေးနှုန်းကတော့ $499 ဖြစ်ပြီး mid-range ဈေးကွက်ထဲမှာတော့ တော်တော်လေးကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။
တကယ်တမ်းမှာတော့ ဒါက Nothing အတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါ။ သူတို့က အရင်လို ‘ဒီဇိုင်းအလန်းစား’ တစ်ခုတည်းကိုပဲ အဓိကထားတော့တာမဟုတ်ဘဲ၊ တကယ့်လက်တွေ့သုံးလို့ကောင်းမယ့် ‘ကင်မရာကောင်းကောင်း’ ကိုပါ အာရုံစိုက်လာတာကို ပြနေပါတယ်။ အကြည်ဒီဇိုင်းကို သဘောကျတဲ့ ပရိသတ်တစ်ချို့အတွက်တော့ စိတ်ပျက်စရာဖြစ်နိုင်ပေမယ့်၊ mid-range ဈေးကွက်ထဲမှာ ကင်မရာကောင်းကောင်းနဲ့ performance မိုက်မိုက်ကို လိုချင်တဲ့ သုံးစွဲသူအသစ်တွေကိုတော့ အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်မှာ သေချာပါတယ်။