Qualcomm ၊ Samsung နှင့် Google တို့ရဲ့ ခြေလှမ်း အသစ် ဖြစ်လာမယ့် Smart Glasses

Qualcomm ရဲ့ CEO Cristiano Amon ပြောပြမှုအရ ပြီးခဲ့တဲ့ နှစ်တုန်းက Qualcomm ၊ Samsung နှင့် Google တို့ ပူးပေါင်းမှုဟာ Smart Glasses အတွက် ဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော် အမှန်တကယ် မျှော်လင့်တာကတော့ ဖုန်း အသုံးပြုများ အားလုံးဟာ ဖုန်းနဲ့ လိုက်ဖက်ညီတဲ့ Smart Glasses များကို ဝယ်ယူကြဖို့ ဖြစ်တယ်” လို့ Amon က ပြောပါတယ်။ Apple ရဲ့ Vision Pro ကို မြင်ရပြီးနောက် ကောလဟာလ သတင်းများအရ Samsung နဲ့ Google တို့ဟာလည်း XR Headset များကို အသီးသီး လိုက်ထုတ် လာမယ်လို့ ကြားသိနေရပေမယ့် အမှန်တကယ်တော့ Smart Glasses ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Qualcomm ဟာ Ray-Ban Meta အတွက် Snapdragon AR1 Gen 1 Chip ကို ထုတ်လုပ်ပေးခဲ့သလို Samsung နဲ့ Google တို့ အတွက်လည်း AI Chips တွေကို ထုတ်လုပ် ပေးသွားမယ်လို့ ယူဆရပါတယ်။ Google ကလည်း ပြီးခဲ့တဲ့ မေလ Google I/O ပွဲမှာ သူတို့ရဲ့ နောက် Project အသစ်ဖြစ်တဲ့ AR Glasses တွေမှာ အသုံးပြုမယ့် Project Astra လို့ ခေါ်တဲ့ AI Assistant ကို ချပြထားပါသေးတယ်။ AI တွေ ခေတ်စားလာပြီးနောက်ပိုင်း နည်းပညာကုမ္ပဏီကြီးများဟာ ဖုန်းများမှာသာမက နေ့စဥ်သုံး အသုံးအဆောင် ပစ္စည်းများမှာပါ AI ကို ထည့်သွင်းနိုင်အောင် ကြိုးစားလာကြတာကြောင့် Mixed Reality ဈေးကွက်မှာ Smart Glasses တွေ ဝင်ရောက်လာတာကို မြင်တွေ့လာရပြီ ဖြစ်ပါတယ်။

Exit mobile version