Apple Visual Intelligence ရဲ့ နောက်ထပ် ခြေလှမ်းဟာ Apple Glasses ဖြစ်လာနိုင်

iPhone 16 နဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးခဲ့တဲ့ ပွဲတုန်းက ချပြပေးသွားတဲ့ Apple Intelligence ရဲ့ ခြေလှမ်းအသစ်ဟာ AR Glasses ဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ရှိနေပြီ ဖြစ်ပါတယ်။

Apple က ချပြသွားတဲ့ Camera ကို အသုံးပြုပြီး သိချင်တဲ့ ဘယ်အရာကိုမဆို မေးနိုင်တဲ့ AI Feature ကို ကြည့်ခြင်းအားဖြင့် Apple ရဲ့ နောက်ထပ် ခြေလှမ်းဟာ AR Glasses ဖြစ်ကြောင်း သုံးသပ်နေကြတာ ဖြစ်ပါတယ်။ Apple မှာ Vision Pro ရှိတယ် ဆိုပေမယ့် ၎င်း Headset ကြီးကို ဝတ်ဆင်ပြီး လူကြားထဲ လျှောက်သွားဖို့ဆိုတာ မဖြစ်နိုင်သေးတာကြောင့် Apple Intelligence နဲ့ AR Glasses ဟာ ဖြစ်နိုင်ချေ အများကြီး ရှိနေတာ တွေ့ရပါတယ်။

Bloomberg ရဲ့ သတင်းထောက် Mark Gurman ကလည်း Apple Glasses ကို နောက်လာမယ့် ၂၀၂၇ ခုနှစ် ဂျွန်လမှာ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ကြောင်း ပြောကြားထားတာကြောင့် မကြာတော့တဲ့ နှစ်အနည်းငယ် အတွင်းမှာ Apple AR Glasses ကို တွေ့မြင်ရ နိုင်ချေရှိနေပြီ ဖြစ်ပါတယ်။

Meta ဟာလည်း Ray-Ban နဲ့ ပေါင်းပြီး Smart Glasses များကို ဈေးကွက်ထဲ စတင်ရောင်းချနေပြီး ဖြစ်သလို အနာဂတ်မှာ Smart Glasses တွေဟာ အောင်မြင်လာနိုင်ကြောင်း Meta က အပြည့်အဝ ယုံကြည်နေပါတယ်။ Google ၊ Samsung နဲ့ Qualcomm တို့ကလည်း Smart Glasses တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေပြီ ဖြစ်တာကြောင့် နောက်ပိုင်းခေတ်မှာ AI နဲ့ Smart Glasses များစွာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version