လူသားဆန်တဲ့ စက်ရုပ်များ ထုတ်လုပ်ရေးဟာ Nvidia ရဲ့ 2025 ခုနှစ်အတွက် ခြေလှမ်းဖြစ်လာ

Chips တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Nvidia ဟာ ၂၀၂၅ ခုနှစ် အတွက် ခြေလှမ်းအသစ်ကို ထုတ်ပြောလာခဲ့ပြီ ဖြစ်ပါတယ်။ Nvidia ရဲ့ ၂၀၂၅ ခုနှစ်အတွက် ပထမ နှစ်ဝက်အတွင်း အသုံးပြုမယ့် ငွေကြေးများဟာ Jetson Thor လို့ ခေါ်တဲ့ လူသားဆန်တဲ့ စက်ရုပ်များမှာ အသုံးပြုနိုင်မယ့် မျိုးဆက်သစ် ကွန်ပျူတာများ ထုတ်လုပ်ရေးအတွက် ဖြစ်ကြောင်း သိရပါတယ်။

Nvidia ဟာ Jetson Thor နဲ့ ပတ်သက်ပြီး Tesla ကဲ့သို့ လူသားဆန်တဲ့ စက်ရုပ်များ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီကြီးများနဲ့ ချိတ်ဆက်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။ Nvidia ရဲ့ အဓိက Customer ကြီးတွေ ဖြစ်တဲ့ Amazon နဲ့ Google တို့ကလည်း သူတို့ရဲ့ ကိုယ်ပိုင် AI Chips တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတာကြောင့် Nvidia အနေနဲ့ ပူးပေါင်း‌ ဆောင်ရွက်သွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Google ရဲ့ CEO Sundar Pichai ကလည်း ၂၀၂၅ ခုနှစ်ဟာ Google အတွက် အရေးကြီးတဲ့ ခုနှစ်ဖြစ်ပြီး Gemini ကို အဓိက ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားထားတာကြောင့် လာမယ့် ၂၀၂၅ ခုနှစ်ဟာလည်း AI နဲ့ ပတ်သက်တဲ့ တိုးတက်မှုများစွာ မြင်တွေ့ရမယ့် ခုနှစ် ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version