iOS 18 ရဲ့ iMessage မှာ ပါဝင်လာမယ့် New Features များ

Apple ရဲ့ WWDC 2024 ပွဲ မှာ iOS 18 ကို မိတ်ဆက်ပေးခဲ့တာ အားလုံးသိပြီးကြပြီ ထင်ပါတယ်။ ဒီ Post မှာတော့ iOS 18 နဲ့ အတူပါဝင်လာတဲ့ iMessage အတွက် ထူးခြားတဲ့ Features အသစ်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Scheduled Messages

ပထမဦးဆုံးအနေနဲ့ iMessage မှာ ပေးပို့လိုတဲ့ Messages များကို အချိန်အပိုင်းအခြားနဲ့ Schedule လုပ်ထားကာ ပေးပို့နိုင်ပြီ ဖြစ်ပါတယ်။ Messages များကို Schedule လုပ်ခြင်းဟာ Mail မှာသာ ရှိခဲ့ပေးမယ့် အခုတော့ iMessage ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Time Zone မတူတဲ့ သူတစ်ဦးကို စာပို့ချင်ပေမယ့် Time Zone ပြဿနာကြောင့် တစ်ဖက်လူ အနှောက်အယှက် မဖြစ်အောင် Schedule ပြုလုပ်ပြီး Messages များကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ Schedule ပြုလုပ်ထားပြီးတဲ့ Messages များကို ပြန်လည် ပြုပြင်လိုပါက ပြင်ဆင်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

New Text Formatting Options

iOS 18 ရှိ iMessage မှာ စာသားများကို Bold ၊ Italicize ၊ Underline နှင့် Strikethrough အစရှိတဲ့ Text Design မျိုးစုံကို လိုအပ်သလို ပြုပြင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထူးပြုလိုတဲ့ စာသားများကို စာဖတ်သူဘက်မှ သိသာထင်ရှားစွာ မြင်နိုင်စေဖို့အတွက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒီ Feature ဟာလည်း အခြားသော စာပေးပို့မှု စနစ်တွေမှာ မရှိသေးတာကြောင့် iMessage အတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ်။

Better Tapback

တစ်ဖက်လူမှ ပေးပို့လိုက်တဲ့ စာသားများကို အသိအမှတ်ပြုတဲ့အနေနဲ့ React ပေးတာဟာ အရင်ကတည်းက iMessage မှာ ပြုလုပ်နိုင်တယ်ဆိုပေမယ့် iOS 18 ရဲ့ Tapback Design များကတော့ အရင်ကမမြင်ဖူးသေးတဲ့ Design များ ဖြစ်ပြီး ပိုမိုကြည့်ကောင်းမှာ ဖြစ်ပါတယ်။

Messages with Satellite

တစ်ဦးနဲ့ တစ်ဦး Message ပေးပို့တာဟာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးသော ဆက်သွယ်မှု တစ်ခုဖြစ်ပါတယ်။ iOS 18 ရဲ့ iMessage ဟာ ဖုန်းလိုင်းတွေ Internet လိုင်းတွေ မမိတဲ့နေရာ ရောက်နေရင်တောင်မှ Satellite ကို အသုံးပြုကာ Message ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီ Feature ကို iPhone 14 နှင့် နောက်ပိုင်း iPhone တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဖုန်းဝယ်ပြီး (၂) နှစ်အတွင်း အခမဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

RCS Messaging Support

RCS Message ပေးပို့နိုင်ခြင်းဟာလည်း iOS 18 အတွက် အားသာချက် တစ်ခုဖြစ်ပါတယ်။ Apple အသုံးပြုသူများအတွက် iMessage ဟာ လုံခြုံပေမယ့် Apple နဲ့ Android အသုံးပြုသူတို့အကြာ Messages များ ပေးပို့တဲ့အခါ လုံခြုံရေး ပြဿနာ ရှိပါတယ်။ ဒီအတွက် SMS စနစ်ကို လုံခြုံရေး အဆင့်မြှင့်ထားတဲ့ RCS စနစ် အသုံးပြုနိုင်ပြီ ဖြစ်တာကြောင့် Apple နဲ့ Android အသုံးပြုသူတို့အကြား စိတ်ချစွာ Messages များ ပေးပို့နိုင်ပြီ ဖြစ်ပါတယ်။

Apple Intelligence

နည်းပညာကုမ္ပဏီကြီးများဟာ သူတို့ရဲ့ ကိုယ်ပိုင် AI များကို နာမည်မျိုးစုံဖြင့် အသီးသီး မိတ်ဆက်ထားကြသလို Apple ဟာလည်း ၎င်းတို့ရဲ့ AI ကို Apple Intelligence ဆိုပြီး မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Apple Intelligence ကြောင့် Apple Devices များ အသုံးပြုရတဲ့ User Experience ဟာ အနည်းငယ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အရင်ပေးပို့ထားဖူးတဲ့ အကြောင်းအရာများကို အခြေခံကာ ဘာစာပေးပို့သင့်သလဲ ဆိုတာကို AI က ဖော်ပြပေးခြင်း၊ Genmoji လို့ခေါ်တဲ့ အသုံးပြုသူရဲ့ Photos Library အတွင်းရှိ ဓာတ်ပုံများကို အခြေခံကာ အသုံးပြုသူ လိုချင်တဲ့ ဓာတ်ပုံအသစ်တစ်မျိုး (သို့မဟုတ်) Sitcker အသစ် တစ်မျိုးကို ဖန်တီးပေးခြင်း အစရှိတဲ့ Android ဖုန်းတွေမှာ မရှိသေးတဲ့ Feature အသစ်များကို iOS 18 မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တာတွေကတော့ Apple ရဲ့ ရေပန်းစားနေတဲ့ iOS 18 မှာ ပါဝင်လာမယ့် iMessage အတွက် Features အသစ်များပဲ ဖြစ်ပါတယ်။

Exit mobile version