Neuralink ဆိုတာက မသန်စွမ်းလူတွေအတွက် ခန္ဓာကိုယ်ထဲမှာ chipset ကိုထည့်သွင်းပြီး သာမန်လူတစ်ယောက်လုပ်နိုင်တာမျိုးကို ပြန်လည်လုပ်ဆောင်ပေးနိုင်တဲ့ company တစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာ ပထမဆုံး မသန်စွမ်းလူနာတစ်ယောက်က Neuralink ရဲ့ အကူအညီနှင့် ကွန်ပျူတာ mouse ကို ရွှေ့လျားနိုင်ပြီး game ပါ ဆော့နိုင်သွားပါပြီ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Nolan Arbaugh လို့ခေါ်တဲ့ မသန်စွမ်းလူနာတစ်ယောက်က သူ့ရဲ့ ကိုယ်ထဲမှာ Neuralink chipset ကို ထည့်သွင်းဖို့ သဘောတူလိုက်ပြီး ပထမဆုံး ကွန်ပျူတာကို စတင်အသုံးပြုခဲ့ပါတယ်။ စမ်းသပ်မှုက အောင်မြင်သွားပြီး လူသားသမိုင်းမှာ ပထမဆုံး မသန်စွမ်းလူနာတစ်ယောက်က စိတ်ကို စေခိုင်းရုံဖြင့် Nerualink chipset က နားလည်သွားပြီး လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးနိုင်တာ ပထမဦးဆုံး ဖြစ်လာခဲ့ပါတယ်။ ထိုလူနာက လွန်ခဲ့တဲ့ ၈နှစ်ခန့်က car accident တစ်ခုကြောင့် ပုခုံးကစပြီး အောက်ပိုင်းတစ်ပိုင်းလုံး လှုပ်ရှားလို့မရဖြစ်ခဲ့ပါတယ်။ Neuralink ရဲ့ အကူအညီကြောင့် ဒီနေ့မှာတော့ ခန္ဓာကိုယ်ကို လှုပ်ရှားမှု မပြုလုပ်ပဲ စိတ်နှင့် စေခိုင်းမှုကြောင့် nerualink chipset က ကွန်ပျူတာမှာ လုပ်ဆောင်ချက်တွေကို လုပ်သွားနိုင်ခဲ့ပါတယ်။ Chess အပါအဝင် အခြား gmae တွေကို ဆော့ပြသွားတာမြင်တွေ့ရနိုင်ပါတယ်။
Neuralink အကူအညီဖြင့် ပထမဆုံး မသန်စွမ်းလူနာ ကွန်ပျူတာကို စတင်အသုံးပြုနိုင်
-
By Win Thet Oo

- Categories: News
Related Content
Android မှာ Sideloading လုပ်ချင်ရင် ၂၄ နာရီ စောင့်ရတော့မယ့် - Google ရဲ့ စနစ်သစ်
By
Khant Zin Aung
March 21, 2026
iOS 27 မှာ Feature အသစ်တွေထက် Performance ကိုပဲ အဓိကထားတော့မည်
By
Khant Zin Aung
March 16, 2026
Xbox အသစ် Project Helix က Ray Tracing မှာ အရင်ကထက် အဆပေါင်းများစွာ သာလွန်မည်
By
Khant Zin Aung
March 12, 2026
140x အထိ Digital Zoom Camera ပါတဲ့ Nothing Phone 4a Pro အသစ်
By
Khant Zin Aung
March 6, 2026
Chip အသစ်၊ Storage ပိုများ၊ ဈေးလည်းပိုကြီးမှာ ဖြစ်တဲ့ Apple ရဲ့ MacBook အသစ်များ
By
Khant Zin Aung
March 4, 2026