Neuralink ဆိုတာက မသန်စွမ်းလူတွေအတွက် ခန္ဓာကိုယ်ထဲမှာ chipset ကိုထည့်သွင်းပြီး သာမန်လူတစ်ယောက်လုပ်နိုင်တာမျိုးကို ပြန်လည်လုပ်ဆောင်ပေးနိုင်တဲ့ company တစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာ ပထမဆုံး မသန်စွမ်းလူနာတစ်ယောက်က Neuralink ရဲ့ အကူအညီနှင့် ကွန်ပျူတာ mouse ကို ရွှေ့လျားနိုင်ပြီး game ပါ ဆော့နိုင်သွားပါပြီ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Nolan Arbaugh လို့ခေါ်တဲ့ မသန်စွမ်းလူနာတစ်ယောက်က သူ့ရဲ့ ကိုယ်ထဲမှာ Neuralink chipset ကို ထည့်သွင်းဖို့ သဘောတူလိုက်ပြီး ပထမဆုံး ကွန်ပျူတာကို စတင်အသုံးပြုခဲ့ပါတယ်။ စမ်းသပ်မှုက အောင်မြင်သွားပြီး လူသားသမိုင်းမှာ ပထမဆုံး မသန်စွမ်းလူနာတစ်ယောက်က စိတ်ကို စေခိုင်းရုံဖြင့် Nerualink chipset က နားလည်သွားပြီး လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးနိုင်တာ ပထမဦးဆုံး ဖြစ်လာခဲ့ပါတယ်။ ထိုလူနာက လွန်ခဲ့တဲ့ ၈နှစ်ခန့်က car accident တစ်ခုကြောင့် ပုခုံးကစပြီး အောက်ပိုင်းတစ်ပိုင်းလုံး လှုပ်ရှားလို့မရဖြစ်ခဲ့ပါတယ်။ Neuralink ရဲ့ အကူအညီကြောင့် ဒီနေ့မှာတော့ ခန္ဓာကိုယ်ကို လှုပ်ရှားမှု မပြုလုပ်ပဲ စိတ်နှင့် စေခိုင်းမှုကြောင့် nerualink chipset က ကွန်ပျူတာမှာ လုပ်ဆောင်ချက်တွေကို လုပ်သွားနိုင်ခဲ့ပါတယ်။ Chess အပါအဝင် အခြား gmae တွေကို ဆော့ပြသွားတာမြင်တွေ့ရနိုင်ပါတယ်။
Neuralink အကူအညီဖြင့် ပထမဆုံး မသန်စွမ်းလူနာ ကွန်ပျူတာကို စတင်အသုံးပြုနိုင်
-
By Win Thet Oo

- Categories: News
Related Content
Mini App တွေ ရေးနိုင်မယ့် Opal ကို Gemini မှာ ထည့်သွင်းပေးလိုက်ပြီ
By
Wai Htun
December 26, 2025
YouTube ဟာ Playable Games တွေကို Gemini 3 Tool နဲ့ ဖန်တီးခွင့်ပြု
By
Wai Htun
December 20, 2025
Google Search ရဲ့ Homepage မှာ "plus" menu အသစ်ပါဝင်လာ
By
Wai Htun
December 16, 2025
သုံးစွဲသူများအတွက် လက်တွေ့အသုံးမဝင်ဟုဆိုကာ Google ၏ Dark Web Report ဝန်ဆောင်မှု ရပ်ဆိုင်းမည်
By
Khant Zin Aung
December 16, 2025
Google ဟာ Browser Tabs မှာ Web App ဖန်တီးနိုင်မယ့် Disco လို့ ခေါ်တဲ့ Tools ကို မိတ်ဆက်
By
Wai Htun
December 14, 2025