Neuralink ရဲ့ စမ်းသပ်မှုမှာ ကြုံတွေ့ရတဲ့ ပထမဦးဆုံး ပြသနာ

Elon Musk ရဲ့ Neuralink ကို March လမှာ တစ်ကယ့်လူသားတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ ထည့်သွင်းပြီး စမ်းသပ်ခဲ့တာအောင်မြင်ခဲ့ပါတယ်။ ထိုအချိန်က Live တိုက်ရိုက်​လွှင့်ပြီး စမ်းသပ်ခဲ့တာ အောင်မြင်ပြီး Noland Arabaugh လို့အမည်ရတဲ့ ၂၉နှစ်အရွယ် လူငယ်တစ်ဦးကိုယ်တိုင် computer screen မှာ mouse ကို ခန္ဓာကိုယ်အကူအညီမပါပဲ ရွေ့လျားပြနိုင်ခဲ့ပါတယ်။ ထို့အပြင် Chess Game ကိုလည်း ဆော့ပြနိုင်ခဲ့ပါတယ်။ လူတွေအားလုံးထင်ထားကြတဲ့အတိုင်း Neuralink က လက်တွေ့မှာ တစ်ကယ်အလုပ်ဖြစ်ပြီးအောင်မြင်သွားပြီလို့ သတ်မှတ်ထားကြပါတယ်။

Noland Arabaugh ကို စမ်းသပ်မှုမှာ တွေ့ရစဉ်

April လ ထဲမှာတော့ စမ်းသပ်မှုနောက်ပိုင်းမှာ ပြသနာတစ်ခုကြုံလိုက်ရပါတယ်။ Neuralink ရဲ့ chipset က အရမ်းသေးငယ်ပြီးတော့ electrodes ပေါင်း ၁၀၂၄ ခုကို သေးငယ်တဲ့လျှပ်ကူးကြိုး (threads) ပေါင်း ၆၄ ခုနှင့် ဖွဲ့စည်းထားပါတယ်။ Thread တွေက သာမန်လူတစ်ယောက်ရဲ့ ဆံချည်မျှင်ထက်ကို ပါးလွှာပြီး သေးငယ်လွန်းပါတယ်။ စမ်းသပ်မှု စလုပ်စဉ်က ပြသနာမကြုံတွေ့ခဲ့ရပါဘူး။ ရက်ပိုင်းအကြာမှာတော့ threads တွေ လောင်ကျွမ်းပြီး တစ်ချို့ electrodes တွေအလုပ်မလုပ်တော့တာကို တွေ့ရှိရပါတယ်။ Threads တွေက သေးလွန်းတာကြောင့် လောင်ကျွမ်းလိုက်တဲ့အခါမှာလည်း စမ်းသပ်ခံတဲ့လူနာမှာလည်း ထိရောက်မှုက မရှိခဲ့ပါဘူး။

Neuralink ကတော့ စမ်းသပ်ခံတဲ့လူနာရဲ့ safety အတွက် ခန္ဓာကိုယ်ထဲက ဖယ်ရှားလိုက်ပြီလို့ media တွေကို အသိပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး လူနာအတွက်လည်း ကြီးကြီးမားမား စိုးရိမ်ရတာမျိုးမရှိပါဘူး။ Neuralink လိုမျိုး အခြားနည်းပညာ companies တွေက မသန်စွမ်းတဲ့လူတွေအတွက် လူကောင်းတစ်ယောက်ကဲ့သို့ လှုပ်ရှားနိုင်တဲ့ အလုပ်မျိုးတွေလုပ်ဖို့ device တွေကို ထုတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။ Neuralink က ပထမဦးဆုံး US Food and Drug Administration မှ လိုင်စင်ရတဲ့ ပထမဦးဆုံး နည်းပညာ company တစ်ခုဖြစ်ပါတယ်။ ထို့အပြင် ဒီ project အတွက် အချိန် ဆယ်စုနှစ်တစ်ခုယူပြီး စမ်းသပ်မှုတွေ လုပ်နေတဲ့ company တစ်ခုလည်း ဖြစ်ပါတယ်။

Exit mobile version